Unicode
ပန်းပွဲတော် သည် ပဏိတ္တထရာ မှ ဓမ္မတေးသံသာများ ၊ သာယာညိမ့်ညောင်းသော တူရိယာများစွာ၏တီးခတ်သံများ၊ နဂါးမယ်လေးများ၏ အကအလှများ ၊ ပါဝင်ပြသထားသော ထောင်သောင်းများစွာသော ပန်းများ၏ သင်းထုံသော မွှေးရနံ့များပျံ့လွင့်မှုတို့ဖြင့် နတ်ဘုံသည် သုခဘုံ တစ်ခုကဲ့သို့ပင်။
နတ်ဘုံအသီးသီးတို့မှ နတ်များအကြားဝယ် စကားစမြီ ပြောဆိုသံများ ကျွတ်စီညံလျက်။
အများစုက ပဏိတ္တထရာ၏ ဧည့်ဝတ်ကျေပုံ၊ ခမ်းနားလှပပုံ၊ နတ်ဘုံအသီးသီးတို့မှ ထွေရာလေးပါး ကိစ္စရပ်များ ၊ နတ်ပန်းများ၏ လှပမှုနှင့် သမိုင်းကြောင်း စသဖြင့် ၊
တချို့သောနတ်များက နတ်မိမယ်လေးများ ၏ အလှအပ အကြောင်းအရာများ ၊ နတ်မင်းတို့၏ တန်ခိုးစွမ်းအားများ ၊ ဆေးဖက်ဝင် စွမ်းအားရှိသော အရာများ ၊ နတ်သား နတ်သမီးတို့၏ မိသားစုများ အကြောင်း စသဖြင့် ထွေရာလေးပါး ဆွေးနွေးပြောဆိုရင်း ပဏိတ္တထရာ မှ တည်ခင်းဧည့်ခံသော စားသောက်ဖွယ်ရာများအား မြည်းစမ်းသုံးဆောင်နေကြသည်။မလိခသည်လည်း ထိုထိုနတ်များတို့အလည် လှပတင့်တယ်သော အဆင်တန်ဆာတို့ဖြင့် စကားစမည်ပြောဆိုကာ ရယ်မော ပျော်ရွှင်နေသည်။
သူ(မ) သည် တာဝတိံသာမှ နတ်သား သူရဇ္ဇ ဘေးတွင် အတူ ရှိနေသည်။၎င်း နတ်မင်းများ၏ ဘေးပတ်လည်တွင် ကိုယ့်ဘုံမှ လိုက်ပါလာသော အခြွေအရံတို့သည်လည်း ၎င်း တို့အချင်းချင်း ရောက်တတ်ရာရာများ ပြောဆိုနေကြရင်း ခင်မင် ၊ ရင်းနှီးချစ်ကြည်မှုတို့ ဖြင့် ပန်းပွဲတော်သည် စည်ကားလျက်။
၎င်းပွဲတော်ထဲတွင် အနက်ရောင် ဝတ်ရုံရှည်အား ခေါင်းမှ စခြုံလျက် မည်သူနှင့်မျှစကားမပြောပဲ နှုတ်ဆိတ်နေသော အဓိပတိသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေလေသည်။
ထိုစဥ် အဓိပတိ၏ ခပ်လှမ်းလှမ်း အဝေးမှ ကြေငြာသံတစ်ခုထွက်ပေါ်လာသည်။
"ပဏိတ္တထရာ အရှင် ဧကရာဇ် မဟာဇေယျသိဒ္ဒိ ကြွချီလာပါပြီ........"
ထိုကြေငြာသံအဆုံးတွင် ဘုရင့်တူရိယာအဖွဲ့မှ တီးခတ်နေမှုများ ချက်ချင်း ရပ်တန့်သွားပြီး သောင်းချီသော အကမယ်လေးများအားလုံးလည်း ရုတ်တရက် အကရပ်လိုက်ကာ နန်းတော်ခန်းမ ဘက်သို့ အားလုံးမျက်နှာမူလိုက်ကြသည်။
အပ်ကျသံပင် မကြားရအောင် နန်းတော်တခွင် အရာ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...