Unicode
.........ပဏိတ္တထရာ နန်းတက်ပွဲနေ့ ........
လှပထည်ဝါသော ခံ့ညားမှုများက ဖြူဖွေးသော နှင်းမှုန်လေးများကြား တစ်ဖိတ်ဖိတ်တောက်ပလျက် ။
စားပွဲခင်းလေးမှ အစ ရာဇပုလ္လင်အဆုံး တန်ခိုးစွမ်းအား အဖုံဖုံတို့ဖြင့် တင့်တင့်တယ်တယ် ဖြစ်နေပုံက နတ်နဂါးဖြူတို့၏ ဂုဏ်သိက္ခာကြီးမားမှုကို ကိုယ်စားပြုလေသည်။ရေခဲတောင်တွင်သာပေါက်ရောက်သော "မဏိသစ္စာ" ပန်း တို့၏ သင်းပျံ့သည့် ရနံ့လေးသည် ပဏိတ္တထရာ၏ နူးညံ့ဖြူစင်သော နှလုံးသားကို ကိုယ်စားပြုသည်။
ထူးခြားဆန်ပြားသော သားရဲများအားစီးနင်းကာ နတ်နဂါးစစ်တပ်ကို ဦးဆောင်၍ စစ်ရေးပြမည့် နဂါးစစ်သူကြီးများက နဂါးဖြူမျိုးနွယ်တို့၏ ရက်စက်ကြမ်းကြုတ်တတ်သော အသွင်အပြင်ကို ဖော်ဆောင်သည်။
ရတနာလေးများလို လှပချောမော သည့် ဘုရင့်ဖျော်ဖြေရေး အဖွဲ့မှ စွဲမက်ဖွယ်ရာ အကအလှများဖျော်ဖြေနေသာ အကမယ်လေး ၈ သောင်းခန့်က ပဏိတ္တထရာ၏ တန်ခိုးစည်းစိမ်နှင့် ယစ်မူးဖွယ် ကာမဂုဏ်ချမ်းသာ ခံစားတတ်မှု၏ ပြယုဒ်ဖြစ်သည်။
ကြီးမားကျယ်ပြန့်သော နှင်းတောင်တန်ကြီးများက ပဏိတ္တထရာ၏ ထည်ဝါခံ့ညားမှု သင်္ကေတပင်။
ပဏိတ္တထရာ၏ စည်းလုံးညီညွှတ်မှုကိုပြသရန် နန်းတော်ထဲမှအမှုထမ်း နတ်နဂါးဖြူပေါင်း ၉ သိန်း ၈ သောင်းခန့်တို့သည် သတ်မှတ်နေရာများတွင် ရာထူးအဆင့်အတန်းအလိုက်နေရာယူကာ ဧကရာဇ်အသစ်အား ဦးညွှတ်ခစားရန် အသင့်ဖြစ်နေကြလေပြီ။
နန်းတော်၏ အပြင်ဘက် ပဏိတ္တထရာ နဂါးပြည် တစ်ခုလုံးရှိ နတ်နဂါးဖြူများသည်လည်း ဘုရင်အသစ်ကို ကြိုဆိုရန် စောင့်မျှော်နေကြပြီဖြစ်သည်။
......................................................................
"အခု ဒီအရှင်ရဲ့ ခြေနင်းတော်ကို ဝတ်ပေးပါ"
အဓိပတိသည် ရွှေနားကွပ်များ နှင့် ရွှေရေးခြယ်ထားသော ဆင်စွယ်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ "နာဂသေန" ချပ်ဝတ်ကို အပေါ်က ထပ်ဝတ်ပြီး "မဟာတံတိုင်း" အားခြုံလွှားထားသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...