Unicode
ဝတ္တထရာ ၏ ညဦးယံ..........
ညပိုင်းရောက်သည်အထိ အဓိပတိ က မလိခ ထံသို့ရောက်မလာခဲ့ပေ ။ စိတ်အနှောက်အယှက်ဖြစ်လောက်အောင် ဒေါသမထွက်သော်လည်း အနည်းငယ် အောင့်သက်သက်တော့ဖြစ်နေမိသည်။ မလိခ အချက်ပြခဲ့သည်ကို သူ သတိမထားမိလိုက်လို့များလားဟု တွေးစရာရှိသော်လည်း အဓိပတိသည် ထိုမျှ နုံအနေသူ မဟုတ်ပေ။
အစေခံ တစ်ယောက်အား အဓိပတိထံ သွားရောက် ဆင့်ခေါ်ခိုင်း၍ ရသော်လည်း ထိုသို့ပြုလုပ်လျှင် ရောင့်တက်သွားမည်စိုးသဖြင့် မသိသလိုသဘောထားကာ အိပ်ရန်ပြင်လိုက်သည်။
နောက်ဆုံးတွင် မလိခသည် ညဝတ်ရုံလွှာကို လဲဝတ်လိုက်လေ သည်။ထိုစဉ် အိပ်ဆောင် အပြင်ဘက်မှ ကိုယ်ရံတော် အဓိပတိရောက်လာကြောင်း ကြေညာသံကို ကြားလိုက်ရသည်။
အစောင့်များ အပါအဝင် နန်းတော်တစ်ခုလုံးက မလိခ ဧကရာဇ်နှင့် အဓိပတိကြားက ဆက်ဆံရေးကို သိချင်နေကြသည်ဖြစ်ရာ မလိခသည် ထိုအချက်ကိုရှောင်လွှဲ၍ မရနိုင်ပေ။
အားလုံးကမျှော်လင့်ထားသလို စိတ်ကူးယဉ်ဆန်ဆန် အတွေးများကဲ့သို့မဟုတ်ဘဲ လက်တွေ့သည် ကဗျာဆန်ဆန် မဖြစ်ကြောင်းကို မလိခရော အဓိပတိပါ သိနေကြပါသည်။
"ဝင်ခွင့်ပြုတယ်....."
ထို့နောက် အိပ်ဆောင်တော်သို့ အခစားရောက်လာသော အဓိပတိ ကို မလိခသည် တစ်ချက်ကလေးတောင် မကြည့်ပါ။
မလိခ ဘာမှမပြောဘဲထိုင်နေသဖြင့် အဓိပတိသည် အခစားဝင်ရန်နောက်ကျသဖြင့် သူ့အား စိတ်ခုကာ တောင်းပန်ဦးညွှတ်မှုကို ခံယူချင်လိုခြင်းဖြစ်မည်ဟု တွေးပြီး မလိခ ရှေ့တွင် ဒူးထောက်လိုက်သည်။
ထို့နောက် သူ(မ) ခြေဖမိုးပေါ်သို့ အဓိပတိက ဦးခေါင်းရောက်လာသောကြောင့် ရုတ်တရက် လန့်သွားသော မလိခသည် ခြေချောင်းလေးများကို ဆတ်ခနဲကွေးလိုက်မိသည်။
"ဘာလို့ နောက်ကျနေတာလဲ......အလေးနက်မထားတဲ့သဘောလား......"
"အမတ်မင်းတွေနဲ့ ကိစ္စလေးတွေ မပြီးပြတ်သေးတာကြောင့်ပါ...."
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...