Chapter 2 - လူထူးဆန်း

1.9K 43 0
                                    

Unicode

သူမရဲ့အသက် ၂၀ ပြည့် မွေးနေ့ဖြစ်သော June 8 ရက်နေ့ နောက်ပိုင်းကတည်းက သူမရဲ့ စိတ်တွေ သိပ်မကြည်လင်တော့ပါ။ ဘာကြောင့်မှန်းမသိပေမယ့် အမြဲလေးလံပြီး ဆိုးဝါးတဲ့တစ်ခုခုဖြစ်တော့မလိုမျိုး စိတ်ထဲအမြဲခံစားနေရသည်။

တီ ...တီ ....တီ
ဖုန်းမြည်သံကြားတော့ သူမ ကောက်ကိုင်လိုက်သည်

"Hello ...ခြူး"

" နေကောင်းလား ကေသရီ .... ငါတို့ --- -Club မှာ ထင်ထင် တို့နဲ့ချိန်းထားတယ် ။ နင် နေကောင်းရင် စိတ်ပြေလက်ပျောက်ဖြစ်အောင် လိုက်ခဲ့ပါလား "

"တော်ပြီဟာ ငါ ဒီနေ့လည်း သိပ်စိတ်မပါလို့ နင်တို့ပဲ သွားကြပါ။ မနက်ဖန် မနက်ကျ ပြင်ဦးလွင်ကနေ ငါ့ ဒယ်ဒီ နဲ့ မာမီ တို့ရောက်လာကြမှာ ... သူတို့ကို မနက် စောစော သွားကြိုရမှာမို့ ငါ ဒီည ကလပ်မှာ ကဲနေလို့မရလောက်ဘူး။"

"Ok လေ ဒါဆိုရင် ငါတို့သွားတော့မယ်နော်။ အန်တီတို့ကိုလည်းပြောလိုက်ဦး ငါတို့ သတိယပါတယ်လို့ ။ အေးဆေးနားနော် သူငယ်ချင်း။ အတွေးလွန်မနေနဲ့ဦး။ ကျန်းမာအောင်နေ ။ ငါတို့ နင့်အတွက် ပိုကဲခဲ့မယ် ။ bye ...."

"အေးပါ ... bye bye !!!"

ဖုန်းချပြီးနောက် သူမ ရေမိုချိုး အဝတ်စားလဲပြီး Super Market တစ်ခုသို့သွားရန် စိတ်ကူးမိသည်။ မာမီတို့ လာရင် ဟင်းချက်ကျွေးချင်တာရော ၊ မာမီ့လက်ရာတွေ မစားရတာကြာပြီမို့ မာမီ့ကို သူမ စားချင်တာလေးတွေ ချက်ပေးဖို့ ပူစာရန် လိုအပ်တာလေးတွေ သွားဝယ်ထားရမည်။
မနေ့က သစ်ပင်လဲကျသည့်အဖြစ်အပျက်အား မာမီတို့ကို ဖုန်းဆက်ပြီးပြောပြမိရာမှ မာမီနဲ့ ဒယ်ဒီတို့က သူမ အတွက် စိုးရိမ်လွန်ပြီး ပြင်ဦးလွင်ကနေ ရန်ကုန်ထိ အားချင်းဆင်းလာပြီး သူမ စိတ်အခြေအနေ ပြန်ကောင်းသည်အထိ ရက်ပိုင်းလောက် နေကြမည်ဖြစ်သည်။ ပိုးမွေးသလိုမွေးထားရသော တစ်ဦးသောသမီးလေး ကေသရီခရဲ့ မိဘများက လက်ရှိမှာ ဇာတိမြို့ဖြစ်သော ပြင်ဦးလွင်မြို့တွင် ထောပတ်၊ မက်မန်း၊ စတော်ဘယ်ရီ အစရှိသော ခြံ လုပ်ငန်းဖြင့် ရပ်တည်နေကြသည်။ သမီးလေး ကေသရီခ ကိုတော့ ရန်ကုန်မြို့တွင် တက္ကသိုလ်ဆက်တက်စေပြီး သူမ ဝါသနာပါတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်အောင် သင်တန်းကျောင်းများကို ဆက်လက်တက်ရောက်နိုင်စေရန်ဖြစ်သည်။ အခုတော့ သေကံမှ သီသီလေးကပ်လွတ်သွားသူ သမီးလေးအတွက် စိုးရိမ်ပူပန်ပြီး မိဝေးဖဝေးတွင် ဆက်မထားတော့ပဲ ဇာတိဖြစ်သော ပြင်ဦးလွင်ပဲ ပြန်ခေါ်သွားရကောင်းမလား စဥ်းစာရင်း သူမရဲ့ မိဘများ ဗျာများနေရရှာသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now