Unicode"မဖုရား ....မဖုရား..... မဖုရား ....."
"သတိထားပါဦး မဖုရား ......"
ပဏိတ္တထရာ နတ်နဂါးနန်းတော်၏ ခမ်းနားလှသော မီးနေခန်းအတွင်းမှ နတ်ဆေးသမားတော်များ ၊ ကိုယ်ရံတော်နှင့် မောင်းမ ၊ အစေခံ တို့၏ အပူတပြင်းစိုးရိမ်တကြီး အော်သံများကျွတ်စီညံသွားသည်။
"သားတော်လေး ပါ ဖုရား ...ကြည့်ပါဦး .... "
အထိန်းတော်ဖြစ်ဟန်တူသော အမျိုးသမီးက အိပ်ယာပေါ်တွင် လဲနေသော ပဏိတ္တထရာ နတ်နဂါးအရှင်၏ မိဖုရားအား ရွှေရောင်ပိုးပုဝါလေးဖြင့်ထုတ်ပိုးထားသော နဂါးငယ်လေးကို ချီမြှောက်ပြလိုက်သည်။
နတ်နဂါးတိုင်းပြည်အသီးသီးမှ ဆက်သလာသော နတ်ဆေးသစ်ဥ သစ်ဖုများ၊ တန်ခိုးသိဒ္ဒိအမျိုးမျိုးရှိသော တန်ဖိုးကြီးရှားပါ ပစ္စည်းများ၊ ပဏိတ္တထရာမှ တော်လွန်းလှသည့် နတ်ဆေးသမားတော်များ စသဖြင့် အစွမ်းထက်အရာ အမျိုးမျိုးတို့ ဖြင့် အစွမ်းကုန်ဝိုင်းဝန်ကြိုးစားအားထုတ်နေသည့် ကြားမှ နတ်နဂါး မိဖုရားသည် သားတော် နတ်နဂါးငယ်လေးကိုမွေးဖွားပြီးချိန်၌ ချက်ချင်းပင် ငှက်မွှေးလေးလို အားအင်ချိနဲ့ ဖျော့တော့ကာ နတ်တန်ခိုးများ အရောင်မှိန်လာပြီး နတ်သက်ကြွေတော့မည့် နိမိတ်ပြနေလေသည်။
ထိုသို့ မီးနေခန်းထဲ အုတ်ဪသောင်းတင်ဖြစ်နေစဉ် မီးနေခန်းတံခါးကို ဝုန်းခနဲ ဆောင့်ကန်ကာ အစိမ်းရောင် တောက်ပနေသော မျက်ဝန်းများပိုင်ရှင်သည် သူ၏ငွေရောင်ဆံနွယ်များတလွင့်လွင့်ဝဲပျံသွားအောင် အပူတပြင်းပြေး ဝင်လာသဖြင့် မည်သူမှ တားဆီးဖြောင်းဖြချိန်မရလိုက်ပါ။
ထိုသူ ပဏိတ္တထရာ နတ်နဂါးဖြူ ဘုရင် "ဇေယျမဟာသိဒ္ဒိ" ပင်ဖြစ်သည်။အရှင်သိဒ္ဒိ ဝင်လာသော အခါ အိပ်ယာပေါ်တွင်ပက်လက်ကလေးဖြစ်နေသူ မိဖုရားမှ လွဲ၍ အခန်းတွင်းရှိနေသူအားလုံးတို့သည် ပြာပြာသလဲ ဒူးထောက်ကာ အရှင့်အား တညီတညာတည်း အရိုအသေပြုလိုက်ကြသည်။
ထိုသူအားလုံးတို့၏မျက်နှာတွင် အပြစ်လုပ်ထားမိသူများကဲ့သို့ စိုးရွံထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်လွင်နေကြသည်။
![](https://img.wattpad.com/cover/375500514-288-k421861.jpg)
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Storie d'amore"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...