Unicode
ဆရာ /ဆရာမ နှင့် လူကြီးမိဘ ၆ယောက် ၇ယောက်ခန့် တို့သည် မော်ကွန်းထိန်းရုံးခန်းပေါက်ဝနားတွင် စုရုံးစုရုံးဖြင့် စကားများပြောနေကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်ပူပင်သောကများဖုံးလွှမ်းနေကြပြီး ကေသရီခ ရောက်သွားချိန်တွင် သူမကို ဆရာမတစ်ဦးမှလှမ်းခေါ်ပြီး Julia ၏ မိသားစုဝင်ဖြစ်ဟန်တူသော လူကြီးများဖြင့်မိတ်ဆက်ပေးသည်။
ခဏအကြာတွင် ဆေးရုံဆင်းပြီး ယနေ့မှကျောင်းပြန်တက်သော ခြူး နှင့် အတန်းထဲမှ Julia နှင့် သိကျွမ်းသော တချို့ ကျောင်းသားကျောင်းသူများ အသီးသီးရောက်လာကြသည်။ ဆရာမက ဘယ်သူများ Julia ကို နောက်ဆုံးတွေ့မိသေးလဲ မေးသဖြင့် ကျောင်းသား ကျောင်းသူများကတစ်ယောက်တစ်ပေါက်နှင့် ကျွတ်စီညံကာ အဖြေအမျိုးမျိုး ထင်ကြေးအမျိုးမျိုးပေး နေကြစဥ် ကျောင်းသားတစ်ဦးမှ
"ပြီးခဲ့တဲ့ သောကြာနေ့က ကန်တင်းနားက သစ်ပင်ကြီးလဲကြတဲ့နေ့မို့လား ...မှတ်မှတ်ရရ"
"ဟုတ်တယ်.... ဟုတ်တယ် ...."
ကေသရီခ နှင့် ထိုနေ့က ကန်တင်းနားတွင် သစ်ပင်လဲကျစဥ်က ရှိနေခဲ့ကြသော ကျောင်းသူ ကျောင်းသား တချို့က ထ်ုကျောင်းသားအား ထောက်ခံလိုက်ကြသည်။
"အဲ့နေ့က ညနေပိုင်းကျောင်းဆင်းချိန်လောက်မှာ ကျနော် အဲ့လဲကျနေတဲ့ သစ်ပင်ကြီးကို တစ်ခေါက်သွားစပ်စုသေးတယ် ။ ......အဲ့နားက ကန်တင်းရှေ့နားလောက်မှာ Julia က တစ်ယောက်ယောက်နဲ့ လမ်းဘေးမှာ စကားရပ်ပြောနေတာလှမ်းတွေ့ခဲ့သေးတယ်။ .....ကျောင်းသားတစ်ယောက်နဲ့ပဲထင်တယ် ။ .....သူတို့ပြုံးပြုံးရွှင်ရွှင်ပဲ ။ ...ကျနော်လည်း သေချာမသိဘူး။ .... ပြီးတော့ ကျနော်လည်း လဲကျနေတဲ့ သစ်ပင်ကြီးပေါ်တက်ထိုင်ပြီး Selfie ဆွဲပြီးပြန်လာခဲ့တာ .....ဟီးးး."
အားလုံးက ထိုကျောင်းသားပြောသည်ကို စိတ်ဝင်တစားနားထောင်နေကြပြီး သူ၏နောက်ဆုံးစကားကြောင့် ပြုံးစိစိဖြစ်သွားကြသေးသည်။ "အရေးထဲ သူက တစ်မျိုး"ဆိုသည့် အသံများ ကျောင်းသူအချို့ထံမှ တိုးတိုးလေးထွက်ပေါ်လာသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...