Unicode
ပဏိတ္တထရာ၏ နေရောင်ခြည်သည် ထုံးစံအတိုင်း နှင်းပွင့်လေးများကို ဖွဖွနမ်းသလိုမျိုး ကျရောက်လျက်။
မလိခ သည် အားယူကာမျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ(မ) နောက်ကျောဘက်မှ မာကျောသော ခပ်နွေးနွေး တစ်စုံတစ်ခု ရှိနေသည်ကို ပထမဆုံးခံစားလိုက်ရသည်။
ဟာ ခနဲ လန့်သွားကာ ရုန်းထလိုက်မည်အပြုတွင် သူ(မ) ရင်းနှီးပြီးသား လက်တစ်ဖက်က သူ(မ) ရုန်းထွက်မရအောင် ခါးလေးကို အနောက်မှ ဆွဲယူဖိခြင်းခံလိုက်ရသည်။ဒီအချိန် သူ(မ) အိပ်ယာပေါ်တက်ပြီး သူ(မ) အား အနောက်မှသိုင်းဖက်ကာ အိပ်ရဲသူမှာ ပဏိတ္တထရာမှာ ရော ၃၁ ဘုံမှာပါ အဓိပတိ အပြင် ၂ ယောက်မရှိဘူးမဟုတ်လား။
သူ (မ) စောစောကလောက် စိုးရိမ်စိတ်မဖြစ်တော့ပဲ ငြိမ်ကျသွားသည်။ ကိုယ်က ငြိမ်သွားသော်လည်း စိတ်ထဲကတော့ ခဲလုံးပစ်ချလိုက်သော ရေပြင်လေးလို လှုပ်ခတ်သွားသည်။
ဘယ်လိုပဲ နန်းတက်ပွဲတုန်းက သူ(မ) အပေါ် လေးစားသလို ပြုမူခဲ့ပါစေ သူ(မ) သည် အဓိပတိလက်ခုပ်ထဲက ရေဖြစ်နေတုန်းပဲ မဟုတ်လား။
သူနဲ့ မျက်နှာချင်းဆိုင်ရတိုင်း မလိခ ပျော်ရွှင်ကြည်နူးရသည်မှ မရှိပဲ။ တကယ်ကို ဆိုးရွားတာတွေသယ်ဆောင်ယူလာတတ်သည့် အဓိပတိနှင့် မလိခသည် အမြန်ဝေးချင်နေပြီဖြစ်ပါသည်။
အစေခံ အဓိက ဘဝလေးကို သနားပြီး ချစ်မိသလိုလိုရှိပေမယ့် ဘယ်တော့မှ ပြန်မရတော့သည် အိမ်မက်လေးတစ်ခုလို ထိုပုံပြင်လေးပြီးဆုံးသွားခဲ့သည်ကို မလိခ နားလည်လိုက်ပြီးသည့်နောက် ယခုလက်ရှိ အခြေအနေကိုသာ အကောင်းဆုံး ကိုင်တွယ်ရင်ဆိုင်နိုင်ဖို့ကြိုးစားနေရသည်ပဲ။
အဓိပတိ ကိုယ်မှာ အစေခံ အဓိက ရဲ့ အစအနအကြွင်းအကျန်လေးတောင် ရှာလို့မတွေ့တော့ဘူး မဟုတ်လား။သူ(မ) ယခုရင်ဆိုင်နေရသည်က ကောက်ကျစ်စဥ်းလဲ ပရိယာယ် မာယာများသော သားရဲကောင်လိုမျိုး အရှင်အဓိပတိဖြစ်သည်။
"ဘာလို့မရုန်းတော့တာလဲ......."
အဓိပတိက မနက်ခင်းရဲ့တိတ်ဆိတ်မှုကို ဖြိုခွင်းရန်ကြိုးစားလိုက်သည်။
![](https://img.wattpad.com/cover/375500514-288-k421861.jpg)
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...