Chapter - 36 [ မြင်းကြောင့်ထိတ်လန့်သွားကြခြင်း ]

690 70 0
                                    

Chapter - 36 [ မြင်းကြောင့်ထိတ်လန့်သွားကြခြင်း ]

#unicode

ကျောင်းရှုဟွာသည် ထိုနေရာသို့ ရောက်ရှိလာပြီး ချူကျင်းဇီထွက်ခွါသွားသည့် ပုံရိပ်အားကြည့်ကာ လီကျားမေကိုမေးလိုက်သည် "ညည်းတို့ဘာတွေပြောနေကြတာလဲ ဘာလို့ဒီလောက်တောင်ဒေါသထွက်နေရတာလဲ"

"ရှင်ခုနက မြင်းကိုတွေ့လိုက်လား ကျွန်မကသူ့ကိုပိုက်ဆံဘယ်လောက်သုံးလိုက်လဲလို့မေးတာကို သူမကအလကားရတာတဲ့လေ သူမပြောပြချင်ဘူးဆိုလည်းပြောဖို့မလိုပါဘူး ဘာလို့ကျွန်မကိုအရူးလိုဆက်ဆံရတာလဲ"

ကျောင်းရှုဟွာက နှာခေါင်းရှုံ့လိုက်ပြီး "ချူကျင်းဇီက စက်ဆုပ်ဖို့ကောင်းတဲ့သူပဲ သူမကို နှိမ့်ချပြီး ဆက်ဆံမနေနဲ့"

ထိုသို့ပြောလိုက်သော်လည်း သူမမျက်လုံးထဲမှာတော့ မနာလိုမှုတွေပြည့်နေခဲ့ပါသည်။

"ကျွန်မကဘာလို့သူမကို နှိမ့်ချဆက်ဆံရမှာလဲ သူမကရွံစရာကောင်းတယ်လို့ပဲမြင်တယ်"လီကျားမေကခေါင်းမာစွာ ပြောလိုက်သည်။

"အရင်တုန်းကသူ့ကို ကျွန်မသားအိမ်ထောင်ရေးကိုဖျက်ဆီးလို့ အရမ်းမုန်းတီးခဲ့ပေမယ့် ရွာထဲကမောင်းထုတ်တာ ခံရလုနီးပါးပဲလေ ဂရုစိုက်ပါအေ" ကျောင်းရှုဟွာက သတိပေးလိုက်သည်။

လီကျားမေက သူမရဲ့ပါးစပ်ကိုအုပ်ကာ "ကျွန်မသိပါပြီ သူ့အကြောင်းမပြောကြရအောင် လယ်ကွင်းထဲရေလောင်းဖို့သွားကြမယ်"

"ကောင်းပြီလေ"

ချူကျင်းဇီဟာ အိမ်သို့ပြန်လာတဲ့လမ်းမှာ တိုက်ဆိုင်စွာပဲ ရွာသားများအား တစ်ယောက်ပြီးတစ်ယောက်ကိုတွေ့လေသည်။ လူတိုင်းက သူမကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြလေသည်။ သူတို့ရဲ့စိတ်ထဲမှာတော့ မနာလိုမှုအပြည့်နဲ့ပေါ့။

သူတို့အရင်တုန်းက ချူကျင်းဇီပြန်ရောက်လာတဲ့အခါ ချူမိသားစုကပိုပြီးဆင်းရဲလာဖို့ပဲရှိတော့မယ်ပေါ့။ အခုတော့သူမကမြင်းတောင်ဝယ်လိုက်ပြီတဲ့လား။ ဒါကသိပ်ပြီးမနာလိုချင်စရာကောင်းတာပဲ။

ဆယ်နှစ်သားအရွယ် ကလေးလေး ချူကျွင်းပေါင်ဟာ လယ်ကွင်းထဲသို့အမြန်ပြေးသွားကာ အော်လိုက်သည်။  "ဦးလေးချူရုံ! မင်းတို့မိသားစုမှာမြင်းတစ်ကောင်ရှိနေပြီဗျို့"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now