Chapter - 37 [တိရစ္ဆာန်ကုသမားတော်တစ်ယောက်]

659 74 0
                                    

Chapter - 37 [တိရစ္ဆာန်ကုသမားတော်တစ်ယောက်]

#unicode

ချူကျင်းဇီက မြင်းရဲ့ခေါင်းကိုအသာပွတ်လိုက်ပြိး "ဒီမြင်းကသေခါနီးနေပြီ"

ထန်ကျင်းဟုန်သည် မြင်းတွေနဲ့ရင်းနှီးတာကြောင့် အနီးကပ်ကြည့်လိုက်သောအခါ ထိုမြင်းပေါ်မှာ ဒဏ်ရာတွေနဲ့ပြည့်နေပြီး အရောင်အသွေးက ပုံပှန်မဟုတ်ဘဲ နေမကောင်းဖြစ်နေတာကိုတွေ့လိုက်ရသည်။ "မင်းသူ့ကိုကုပေးနိုင်လား"

"ဒါပေါ့"

"မင်းက တိရစ္ဆာန်ကုတဲ့သမားတော်လား" ထန်ကျင်းဟုန်က သူမကိုသေချာကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးမေးလိုက်သည်။

ချူကျင်းဇီ သူမလုပ်နေလက်စကိုရပ်ကာ ပြန်ပြောလိုက်သည် "ကျွန်မတိရစ္ဆာန်တွေကို ကုနိုင်သလို လူတွေကိုလည်းကုနိုင်ပါတယ်...ဘာလဲ ရှင့်မှာပြဿနာရှိလို့လား"

ထန်ကျင်းဟုန်က ချက်ချင်းခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး မရှိပါဘူး"

ချူကျင်းဇီက ခေါင်းညိမ့်ပြလိုက်ပြီး မြင်းကိုဆေးဆက်လိမ်းပေးနေခဲ့ရာ ဆယ်မိနစ်ကြာပြီးနောက် ပြီးသွားလေသည် "ကျွန်မနဲ့လိုက်ခဲ့ ရှင့်ရောဂါအတွက် ဆေးညွှန်းရေးပေးမယ်"

"ကောင်းပြီ"

ထန်ကျင်းဟုန်က သူမနောက်မှလိုက်လာပြီးနောက် ပြောလိုက်သည် "ငါမင်းနဲ့အလုပ်ကိစ္စပြောစရာရှိတယ်"

"ပြောကြည့်ပါဦး" ချူကျင်းဇီက စိတ်ဝင်စားသွားသည်။

"စစ်တပ်ထဲမှာ သကြားရေခဲချောင်းငါးထောင်လောက် နေ့တိုင်းလိုအပ်တယ် မင်းဒီအလုပ်ကိုလက်ခံနိုင်မလား" ထန်ကျင်းဟုန်က သူမနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဒီလောက်အကျိုးအမြတ်ရမယ့် အလုပ်ကို ကျွန်မကဘာလို့ငြင်းပယ်ရမှာလဲ"

"ပြီးတော့ မင်းရေခဲချောင်းကိုကိုယ်တိုင်ပို့ပေးဖို့မလိုပါဘူး ကိုယ်လူတစ်ယောက်ကိုလွှတ်ပြီးလာယူခိုင်းလိုက်မယ်"

ထိုသို့ကြားလိုက်သောအခါ ချူကျင်းဇီက အကြံတစ်ခုရသွားခဲ့သည်။ သူမနောက်ဆိုကောင်တီမှာ ရေခဲချောင်းရောင်းဖို့မသွားတော့ဘူး။ သူမလက်ကားရောင်းမယ့်စီးပွါးရေးကိုစပြီး ရွာသားတွေကတစ်ဆင့် ကောင်တီကိုရောင်းလို့ရတာပဲ။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now