Chapter - 39 [အံ့ဩဖွယ်ဆေးပညာစွမ်းရည်]

652 66 0
                                    

Chapter - 39 [အံ့ဩဖွယ်ဆေးပညာစွမ်းရည်]

#unicode

"ဘယ်သူကရှင့်ကို ကျွန်မအသိမပေးပဲလာခိုင်းလို့လဲ"

သားရဲအချို့ဟာ သူ့အားစိုက်ကြည့်နေကြပြီး လရောင်အောက်မှာ ထိုအရာက အရမ်းကိုကြောက်လန့်ဖွယ်ကောင်းပါသည်။ "သူတို့ကဘာလို့ မင်းရဲ့ဘေးမှာရောက်နေကြတာလဲ" ထန်ကျင်းဟုန်ကမေးလိုက်သည်။

ချူကျင်းဇီက သူမမဖြေချင်တဲ့မေးခွန်းတွေကိုရှောင်ရှားလိုက်ကာ "ရှင်ဒီကိုဘာလို့ရောက်လာတာလဲ"

"မင်းကိုတပ်သားတွေအတွက် ဆေးကုသပေးစေချင်လို့ပါ.....ဆေးဖိုးက ငွေတေးလ်တစ်ရာပဲ ဘယ်လိုထင်လဲ"

ချူကျင်းဇီက ပိုက်ဆံလိုအပ်နေတာကြောင့် ချက်ချင်းသဘောတူလိုက်သည် "ကောင်းပြီလေ"

*****

ဖန်းကျီရုန်သည် စစ်တပ်ဝင်ပေါက်တွင် တုန်ယင်နေကာစောင့်ဆိုင်းနေခဲ့သည်။တစ်ဖက်မှာတော့ သူဟာ နတ်ဆေးသမားတော်ကြီးကိုတွေ့ဖို့စောင့်နေခဲ့တာဖြစ်ပြီး တစ်ဖက်မှာတော့ သမားတော်ကြီးအားတွေ့ရမှာကြောက်ရွံ့နေခဲ့ပါသည်။

တံခါးနားရှိတပ်သားများက အော်လိုက်သည် "စစ်သူကြီး!!"

ဖန်းကျီရုန်ဟာ ချက်ချင်းရောက်ရှိလာပြီး သူ့မျက်လုံးထဲမှအလင်းတွေသည်လည်း စိတ်ပျက်မှုတွေနှင့်အစားထိုးခံလိုက်ရတော့သည်။ စစ်သူကြီးက ဘာလို့မိန်းမငယ်လေးတစ်ယောက်ကိုခေါ်လာခဲ့တာလဲ...

ထန်ကျင်းဟုန်က သူမကိုဖန်းကျီရုန်ထံသို့ခေါ်လာကာ မိတ်ဆက်ပေးလိုက်သည်။ "သူမက ငါ့ကိုဆေးညွှန်းပေးခဲ့တဲ့ သမားတော်ပဲ ချူကျင်းဇီတဲ့"

"ကျင်းဇီ သူကစစ်တပ်သမားတော် ဖန်းကျီရုန်"

"သမားတော်ဖန်းကို နှုတ်ဆက်ပါတယ်"

ဖန်းကျီရုန်က ချူကျင်းဇီကိုလေ့လာကြည့်တဲ့အခါမှာ ဒီကောင်မလေးက ကလေးမလေးတစ်ယောက်သာသာဆိုပေမယ့် ငါ့ကိုခက်ခဲစေတဲ့ ခံစားချက်တွေပေးနေပါလား ထူးဆန်းတယ် တစ်ကယ်ထူးဆန်းတယ်။ "ဟလို မိန်းကလေးချူ"

"ကျွန်မကို နေမကောင်းဖြစ်နေတဲ့တပ်သားတွေကိုကြည့်ဖို့ ခေါ်သွားပေးနိုင်မလား"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now