Chapter - 39.2 [အံ့ဩဖွယ်ဆေးပညာစွမ်းရည် ၂]

652 71 0
                                    

Chapter - 39.2 [အံ့ဩဖွယ်ဆေးပညာစွမ်းရည် ၂]

#unicode

သူမဟာ လူတွေအများကြီးတွေ့ကြုံခဲ့ဘူးတာကြောင့် သူဘာတွေးနေသလဲဆိုတာကို သိနိုင်ပါသည်။ ဒါပေမယ့သူမဟာ အငယ်တန်းတစ်ဦးနဲ့ရန်မဖြစ်သင့်ပါပေ "ကျွန်မအခုဆေးညွှန်းရေးပေးလိုက်မယ် သူတို့တစ်ရက်လောက်သောက်ပြီးတာနဲ့ သက်သာသွားလိမ့်မယ်"

ဖန်ကျင်းရုန်သည် အံ့ဩကာဝမ်းသာသွားခဲ့သော်လည်း မသိစိတ်ဖြင့်သူသည် ချူကျင်းဇီအား အနည်းငယ်သံသယဝင်ကာ "တစ်ရက်တည်းလား"

"ကျွန်မကရှင့်ရဲ့စစ်သူကြီးကိုတောင် လဝက်အတွင်းကုပေးနိုင်တယ် အပူရှပ်တာလောက်ကတော့ ပြောနေစရာတောင်မလိုဘူး"

"ဟုတ်ပါတယ်...ဟုတ်ပါတယ်...ကျွန်တော်ချက်ချင်းသွားလုပ်လိုက်ပါမယ်"

ချူကျင်းဇီက ထန်ကျင်းဟုန်ထံသွားလိုက်ကာ "ကျွန်မစာရွက်နဲ့ မှင်လိုတယ်"

ဘာမှမဖြစ်တာကိုတွေ့မှ ထန်ကျင်းဟုန်သည် သက်ပြင်းချလိုက်ပြီး "ကိုယ့်နောက်လိုက်ခဲ့"

ထန်ကျင်းဟုန်ရဲ့တဲသည် အလွန်ရိုးရှင်းပါသည်။ ပစ္စည်းတွေအများကြီးမရှိပဲ လိုအပ်တဲ့အရာတွေသာထားရှိသည်။ ကုတင်၊ စားပွဲ၊ ဗီရိုနှင့် နံရံပေါ်တွင် လှံတစ်ချောင်းရှိပြီး လှတံရဲ့ဓားသွားဟာ ထက်မြနေကာ အေးစက်မှုအလင်းတန်းတစ်ချို့ထုတ်လွှတ်နေသည်မှာ မကြာခဏသန့်ရှင်းရေးပြုလုပ်ထားပုံရလေသည်။

ချူကျင်းဇီသည် စားပွဲတွင်မထိုင်ခင် ခွဲခြမ်းစိတ်ဖြာကြည့်ရှုခဲ့ပြီးမှ ဆေးညွှန်းရေးလိုက်သည် "မြန်မြန်ဆေးတွေသွားယူပြီး တပ်သားတွေကိုတိုက်လိုက်ပါ"

သူမကနောက်ထပ်ဆေးညွှန်းတစ်ခုကိုချရေးပေးလိုက်ပြီး "ဒါကအပူရှပ်တာကို ကာကွယ်နိုင်တယ်....ရာသီဥတုကအရမ်းပူနေတာမလို့ နေပူထဲမသွားဖို့သတိရပါ"

ထန်ကျင်းဟုန်သည် ဆေးညွှန်းအားယူပြီး ချူကျင်းဇီပြောတာကို လိုက်မှတ်ထားလိုက်သည် "တခြားလိုက်နာရမှာတွေရှိသေးလား"

"နေပူထဲထွက်ပြီးရင် ရေအေးကိုမသုံးနဲ့ မြန်မြန်နေမကောင်းဖြစ်တတ်တယ်"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now