Chapter - 40.2 [ စီးပွါးရေး ချဲ့ထွင်ခြင်း ၂]

622 74 2
                                    

Chapter - 40.2 [ စီးပွါးရေး ချဲ့ထွင်ခြင်း ၂]

#unicode

ချူကျင်းဇီသည် ချူရှုဟွာထံသွားကာ "အစ်ကိုကြီး ကျန်းရွာမှာလိမ္မော်သီးတစ်ချို့သွားဝယ်ပေးပါဦး ကျွန်မတို့လိမ္မော်ရေခဲချောင်းတွေကိုတော့ ကိုယ့်ဘာသာရောင်းကြမယ်"

"ကောင်းပြီ ငါအခုပဲသွားလိုက်မယ်"

ချူကျင်းဇီသည် သူမအစ်ကိုအားလိုက်ပို့ပြီးနောက် ရထားလုံးတစ်ခုမောင်းနှင်လာတာကိုတွေ့လိုက်လေသည်။

ထိုရထားလုံးဟာ သူမတို့အိမ်ရှေ့မှာရပ်တန့်သွားကာ ရှုဝမ်ရုန်၊ စန်းဝမ်လုနဲ့ ကျူကျောင်းယူတို့ထွက်လာခဲ့သည်။

ကျူကျောင်းယူသည် စန်းဝမ်လု၏ခင်ပွန်းပင်ဖြစ်သည်။

ကျူကျောင်းယူက အနည်းငယ်နေမကောင်းနေသည်ဖြစ်ကာ ကံကောင်းထောက်မစွာနဲ့ ဘယ်သူကမှ သူဒီကိုရောက်လာရတဲ့အကြောင်းအရင်းအားမသိကြပါချေ။ သည်လိုမှမဟုတ်ရင် သူရထားလုံးထဲကနေအပြင်ကိုတောင် ထွက်လာချင်ခဲ့မှာမဟုတ်ပါဘူး။

ရှုဝမ်ရူန်သည် ချူကျင်းဇီထံကြော့ကြော့မော့မော့လျှောက်သွားလိုက်ပြီး တီးတိုးပြောပြလိုက်သည် "ကျင်းဇီ ငါတို့ဝမ်းကွဲရဲ့ခင်ပွန်းကိုခေါ်လာခဲ့ပြီ.....သူကနည်းနည်းလူသိပ်မသိခံချင်တာမလို့ သီးသန့်တစ်နေရာကိုခေါ်သွားပြီး ဆေးစစ်ပေးလို့ရမလား"

"ငါနားလည်ပါတယ် သွားကြမယ်လေ"

စန်းဝမ်လုနဲ့ ကျူကျောင်းယူသည်လည်းရောက်ရှိလာခဲ့သည်။ စန်းဝမ်လုဟာ ချူကျင်းဇီအား ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပါသည်။ "ကျင်းဇီ နှောင့်ယှက်မိပါပြီ"

"အလုပ်ကိစ္စတစ်ခုက တံခါးထိတောင်ရောက်လာတာကို အနှောင့်အယှက်ဖြစ်ပါ့မလားရှင်"ချူကျင်းဇီကပြုံးကာ ပြန်ပြောလိုက်သည်။

ကျူကျောင်းယူသည် ချူကျင်းဇီကိုလေ့လာလိုက်ပြီး မိန်းမငယ်လေးတစ်ယောက်ရဲ့ဆေးပညာက ဘယ်လောက်ထိတောင်ကောင်းနိုင်မှာမို့လို့လဲဟု တွေးနေခဲ့သည်။ ဒါပေမယ့် သူကရောက်လာခဲ့ပြီးမှတော့ ကြိုးစားကြည့်ရမည်ပင်ဖြစ်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now