Chapter - 41.2 [ ကံကောင်းမှုများ ရောက်ရှိလာခြင်း ၂ ]

858 85 2
                                    

Chapter - 41.2 [ ကံကောင်းမှုများ ရောက်ရှိလာခြင်း ၂ ]

#unicode

လီဖေသည် သမားတော်ချုပ်ယွမ်ကျန်းကို ဆေးစာပေးပြီးသည်နှင့် ပြန်သွားခဲ့သည်။

ယခုတလော စစ်တပ်ထဲတွင် ကူးစက်ရောဂါများဖြစ်ပွါးခဲ့သည်။ မြောက်ပိုင်းမှာတည်ရှိနေသော မြို့တော်တောင် မရှောင်လွှားနိုင်ပါပေ။ ထို့ကြောင့် တောင်ပိုင်းရှိအခြေအနေဟာ တွေးစရာပင်မလိုအောင် ဆိုးရွားနေခဲ့ပါသည်။

မြောက်များစွာသောတပ်စခန်းများမှ တော်ဝင်ရုံးတော်သို့သတင်းပေးပို့ခဲ့ကြသည်။ ဆေးရုံတစ်ခုလုံးသည် ကပ်ဘေးအားဖြေရှင်းနိုင်ရန် ဆေးညွှန်းကိုပြင်ဆင်နေကြရသည်။ သို့သော် ထိုဆေးညွှန်းများက အသုံးမဝင်ကြသောကြောင့် မရနိုင်သေးပါ။

ယွမ်းကျန်းသည် ဆေးညွှန်းကိုရရှိသည်နှင့် စာအိတ်ကိုချက်ချင်းဖွင့်ကာဖတ်လိုက်သည်။

သူသည် ထိုစာအားဖတ်လေ စိတ်လှုပ်ရှားလေဖြစ်လာပါသည်။

အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် တစ်ခုခုနှင့်တစ်ခုလိုက်ဖက်စွာ ပေါင်းစပ်နေပြီး ဆေး၏ဂုဏ်သတ္တိကိုအမြင့်ဆုံးအရည်အသွေးရရှိစေသည်။ ဆေးပင်တစ်ခု နှစ်ခုလောက်လျော့သွားခဲ့ရင်တောင် ဆေးအာနိသင်ကိုတစ်ဝက်လောက်လျော့ကျသွားစေမည်ဖြစ်သည်။ အရာအားလုံးကပြည့်စုံလှပါသည်။

"ပြီးပြည့်စုံတယ်....ပြီးပြည့်စုံလိုက်တာ...."

သူသည် ဆေးပညာနယ်ပယ်တွင်သူ့ဘဝတစ်သက်လုံးရောက်ရှိနေခဲ့တာဖြစ်တာကြောင့် ဆေးညွှန်းအားတစ်ချက်ကြည့်ရုံမျှဖြင့် ထိုအရာကိုဘယ်လိုလူမျိုးကရေးသားခဲ့သလဲဆိုတာရယ် ထိုဆေးညွှန်းအားမည်သည့်ရောဂါအတွက်သုံးမရမလဲဆိုတာပါပြောနိုင်ပါသည်။

ဒီဆေးညွှန်းကိုရေးသားခဲ့တဲ့သူက နတ်ဆေးသမားတော်တစ်ယောက်ပဲဖြစ်ရမယ်။

တော်ဝင်သမားတော်တွေက သမားတော်ချုပ်ကြီးရဲ့စကားကိုကြားသည်နှင့် သူ့နားတွင်ဝိုင်းအုံလာကြကာ ဆေးညွှန်းကိုတွေ့သောအခါ အံအားသင့်သွားကြသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now