Part.2
" ပြောပါအုံး နင်ကြိုက်နေတဲ့သူက ငါတို့ကျောင်းကလား။ ဒါမှမဟုတ်အပြင်ကများလား။ "
" အပြင်ကလို့ပြောရ အဲ့အကောင်ကအပြင်ကောထွက်ရလို့လား။ "
ဖူးပွင့်ကိုမျက်စောင်းသူဇာကဝင်ပြောသည်။
" အထင်ကြီးနေလိုက်တာနင်တို့က "
" အထင်ကြီးအောင် နင့်လုပ်ရပ်တွေက သက်သေပြနေတာကို မာမားဘွိုင်းလေးရဲ့။ "
မာမားဘွိုင်းတဲ့သူ့ကိုသူငယ်ချင်းတွေစနောက်ခဲ့တဲ့အခေါ်အဝေါ်။ မာမားဘွိုင်းလို့ခေါ်တဲ့အကြောင်းအရင်းကတော့ တက္ကသိုလ်တက်နေပြီဖြစ်တဲ့ကျွန်တော့ကို အိမ်ကပိုက်ဆံပေးပြီး မုန့်စျေးတန်းတွေ ကျောင်းကန်တင်းကအစာအစားတွေ ဝယ်မစားအောင်ပင်။ အိမ်ကထည့်ပေးတဲ့မုန့် အိမ်ကထမင်းဘူးကိုသာ ရဲရင့်အောင်စားရသည်။ ဒါကလဲမာမီကသူ့အကြောင်းသိနေတာကြောင့်ပင်။ သူငယ်ငယ်တုန်းက ကျောင်းမုန့်ဆိုင်က ကြာဇံကြော်ဝယ်စားမိတာကနေ ဝမ်းလျောကာသုံးရက်လောက်ဖျားလိုက်တာကနေ မာမီကသူ့ကိုပိုက်ဆံမပေးတော့တာအခုထိလို့ဆိုရမယ်။
" ဟဲ့ပြောစမ်းပါ။ နင်ဘယ်သူ့ကိုကြိတ်ကြိုက်နေတာလဲ။ "
သဇင်မစိတ်မရှည်စွာနဲ့မေးလာတယ်။
" ဟိုလေဟာ နင်တို့ကိုငါပြောဖူးတယ်မလား။ အညိုစင်လေးအကြောင်းလေ။ "
" ထင်သားပဲ။ "
သဇင်မကသူသိနေသားပဲလို့ မဲ့ရွဲ့ကာဆိုတယ်။
" ဟဲ့ နင်နဲ့အဲ့အစ်ကိုကြီးက မတည့်ဘူးမဟုတ်လား။ နင်ကဘယ်လိုကနေဘယ်လို "
" အေး အဲ့လိုမတည့်တာကနေ ငါလဲသူ့ကိုရင်ခုန်လာတာ။ သူကလေ ငါနဲ့ဆိုသာ စကားလမ်းကြောင်းမတည့်တာ သူ့ဘော်ဒါတွေနဲ့ဆ်ို ပြုံးလိုက်ရယ်လိုက်တာ အဲ့အပြုံးလေးတွေကို ငါကရင်ခုန်သွားတာဟာ။ "
သဇင်မတို့ပြောလဲပြောချင်စရာပါ။ ကိုတိမ်ည်ိုမင်းနဲ့သူကတွေ့လိုက်တိုင်းခွေးနဲ့ကြောင်လိုပါပဲ ရန်ဖြစ်တယ်လို့ မဟုတ်ပေမယ့် ဘုဘောက်ကျကာစကားများတက်ကြသည်။ ကိုယ်ကလဲသူ့ကိုဆို အရင်ကအကြောင်းနဲ့ပတ်သက်ပြီးအကောင်းမမြင်သလို သူကလဲကိုယ့်ကိုမြင်လိုက်တာနဲ့ ခနဲ့တဲ့တည့်စကားတွေပြောတော့ စကားပြောအဆင်မပြေကြတာ။