" နင်လူရွေးတော်တယ်သိလားရဲကြီး "
" ဘာကိုကြည့်ပြောတာလဲနင်တို့က "
မနက်ကတည်းက မေးခွန်းပေါင်းစွာနဲ့ မေးလာခဲ့တာ။ နေ့လည်ထမင်းစားချိန်အထိ စကားအမျှင်မပျက်တဲ့သူငယ်ချင်းမလေးတွေ။ မနက်ကတည်းက အကို့ကိုမြင်ပြီးတော့ အခုထိစကားစမြှုပ်ပြန်နေကျတဲ့သူမတို့။
" နင့်ဘဲကြီးက ရုပ်ကလဲမိုက်တယ်ကွာ။ မိန်းကလေးတွေအကြိုက်ဖြစ်တဲ့အရပ်၊ အရပ်ကလဲရှည်တယ်ကွာ။ နောက်ပြီးလက်နှစ်ဖက်လုံးကို နင်သေချာကြည့်မိလား။ သူ့လက်မှာအကြောတွေလေ။ အဲ့လိုအဆင်မျိုးနင်ရှာတက်တယ်နော်။ အားကျလိုက်တာရဲကြီးရာ။ "
" ငါ့ဘဲကြီးမဟုတ်သေးပါဘူး။ ငါ့ဘက်ကတဖက်သတ်ကြီး။ ဟိုကဖြင့်ငါ့ကိုရှိတယ်လို့ကိုမထင်ဘူး။ နင်တို့သိလား။ သူနဲ့ငါကလေ တွေ့လိုက်တာနဲ့ ရန်ဖြစ်နေတာ။ သူကလဲအကြီးဆိုပြီး ငါ့ကိုတစက်ကလေးမှ လျော့မပေးဘူးဟာ။ စတွေ့ကတည်းကနေ အခုချိန်ထိပဲ။ လမ်းမှာလဲရန်ဖြစ်လာတာ မနက်ကနင်တို့ရှေ့ရောက်တဲ့အထိပဲလေ။ နင်တို့အမြင်ပဲ။ "
" အမလေး ဒါလေးများဟယ်။ နင်တောင်အမြင်ကပ်တယ်ဘာညာပြောပြီး ရင်ခုန်ခဲ့သေးတာပဲ။ ဟိုကဘာအသားနဲ့ထုထားတာမို့လဲ။ ရေးကမဆင်းတော့ မြှောင်းဖောက်ပေးလိုက်ပေါ့။ "
" ဒါတွေနင်ကျွမ်းပါတယ်ရဲကြီးရာ။ "
" ဘုရား "
ပွင့်တော်မူပြီးသောဘုရားအဆူဆူသာမက မပွင့်တော်မူသေးတဲ့ဘုရားကိုပါ ရဲရင့်ရောင်တမိသည်။ ဘေးလူကြားရင်တမျိုးထင်ကုန်ကြမည့်စကား။ ရည်းစားတောင်တစ်ခါမှမထားဖူးသေးတဲ့သူ့ကို ဘယ်လိုယွထရမလဲဆိုတာကို ကျွမ်းကျင်သတဲ့။ ကိုယ့်ဘက်ကစပြီးစိတ်ဝင်စားတယ်ဆိုပေမယ့် ဘယ်လိုမျိုးလှုပ်ရှားပြီးလမ်းခင်းရမလဲဆိုတာ ရဲရင့်ရောင်မသိပါ။ ဒါကိုအတင်းကြီးပြောချနေတဲ့သူမတို့ကို ရဲရင့်ရောင်မကျေနပ်ချင်ပါ။ ရေလာမြှောင်းပေးလုပ်ရမှာကိုတောင် ဘယ်လိုစရမလဲမသိတဲ့သူ့ကို မစီးတဲ့ရေကိုမြှောင်းဖောက်ပေးရမတဲ့လေ။ လွန်းကြူးလိုက်တဲ့စကား။
" နင်တို့နှစ်ယောက်နော်။ ငါ့ကိုအတင်းစျေးချနေတာလား။ ငါကနင်တို့သူငယ်ချင်းအရင်းကြီးနော် သတိလဲထားကြပါအုံးဟ။ "