" မောနီးကလေး "
ကလေးကခုမှအိပ်ယာထပုံရတယ်။ မျက်လုံးမှေးကာကြည့်လို့ တစ်ခုခုကိုတွေးနေပုံရတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အိင်္ကျီစအောက်က ကလေးရဲ့ဖွေးဖြူနေတဲ့အသားအရည်ဟာ သူ့ကိုလှစ်ပြနေသလိုပင်။ အိပ်ယာထစဆံပင်ပုံစံနဲ့တောင် ကလေးကချစ်စရာကောင်းနေပြန်တယ်။
ကလေးကသူ့ကိုတွေ့တာနဲ့ ပြန်တောင်မနှုတ်တက်နိုင်သေးပဲ အပေါ်ထပ်ကိုပြန်ပြေးတက်သွားတော့တယ်။ ကလေးကိုကြည့်ကာ တိမ်ညိုမင်းခေါင်းကိုခါရမ်းလိုက်ပါတော့တယ်။
" ငါတူကြီးဒီနေ့လာတာနည်းနည်းများစောသလားလို့။ အန်ကယ်တောင် မနက်စာမစားရသေးဘူး။ "
အန်ကယ်ကလက်ကနာရီကိုတစ်ချက်ကြည့်ကာ သူ့ကိုပြောလာတော့ တိမ်ညိုမင်း အန်ကယ်ကိုရှက်ရယ်,ရယ်ပြလိုက်ပါတယ်။ အန်ကယ်ပြောသလိုပါပဲ သူခါတိုင်းထက် ဒီနေ်အိမ်ကနေအစောကြီးထွက်လာခဲ့တာ။ ကလေးမျက်နှာလေးကိုမြင်ချင်လို့လေ။ အဲ့လိုပြောလိုက်ရင် အန်ကယ်ကသူ့ကိုဆွဲထိုးမလားပဲ။
" ဟုတ်တယ်ကန်ကယ်။ မနေ့ကပုံမှန်အတိုင်းထွက်လာတာ ကားကကြပ်နေတော့ ရောင်ရောင်ကျောင်းနည်းနည်းနောက်ကျသွားလို့ ဒီနေ့အစောထွက်လာတာ။ "
အန်ကယ်ကသူပြောစကားကို ခေါင်းလေးညိတ်လို့ ထမင်းစားခန်းထဲကိုဝင်သွားတယ်။ သူကတော့ ကော်ဖီတစ်ခွက်လာချပေးထားတာကြောင့် သောက်ရင်းကလေးကိုစောင့်နေမိတယ်။
ကော်ဖီတဝက်ကျိုးလောက်တော့ ကလေးကအပေါ်ထပ်ကနေ ခုန်ဆွခုန်ဆွနဲ့ဆင်းလာတယ်။
တိမ်ညိုမင်းကလေးကိုလှမ်းကြည့်မိတော့ မျက်လုံးလေးတစ်ဖက်မှိတ်ပြတော့ သောက်လက်စကော်ဖီတွေတောင်အေးကုန်တယ်လို့ ထင်မိတဲ့အထိပါပဲ။" မောင်တိမ်ညိုမင်းကော်ဖီတွေကအပူတွေလေ။ "
ဘေးနားရပ်နေတဲ့အန်တီရွှေပြောမှ တိမ်ညိုမင်းကော်ဖီကပူမှန်းသတိရတော့တယ်။ ကလေးမလာခင်က ပူလို့တစ်ငုံသောက်လိုက် ကော်ဖီခွက်ပြန်ချလိုက်နဲ့ အချိန်တွေကြာနေခဲ့တာ။ အခုတော့သူ့မှာကလေးကမျက်လုံးလေးတစ်ဖက်မှိတ်ပြတာနဲ့ ကော်ဖီပူတွေအကုန်မော့သောက်ပစ်တဲ့အထိပါပဲ။
