တိမ်ညိုမင်းအိမ်ပြန်ရောက်တော့ လူကအတော်လေးပင်ပန်းလို့နေသည်။ ကလေးကိုကျောင်းပို့ပြီးကတည်းက စာရင်းတွေလုပ်ရတာ နေ့လည်စာကိုတောင် သုံးနာရီလောက်မှစားရသည်။ လကုန်စာရင်းတွေကို ဒီနေ့အပြီးသတ်လုပ်ပေးရမှာမို့ သူအလုပ်တွေအကုန် စာရင်းဖြတ်ပေးနေရတာ။ နေ့လည်စာထမင်းစားပြီး လိုအပ်တဲ့ဖိုင်တွေကို အန်ကယ်ဆီအပ်ပြီး ခနအမောဖြေ၊ ကိုယ်လက်ဆန့်ပြီးတော့ ကလေးကိုကျောင်းပြေးကြိုရတယ်။ ဒါတောင်လမ်းမှာကားတွေကကြပ်နေတာမို့ ကျောင်းရောက်တော့ ကလေးကအဆောင်ရှေ့မှာ ဘဲလိုနှုတ်ခမ်းနဲ့ရပ်စောင့်နေတယ်။ ကလေးကိုချော့ရအောင် ကလေးကြိုက်တဲ့ milk teaလေးကမပါမဖြစ်ဝင်ဝယ်ရပါသေးတယ်။ ဒါတောင်စိတ်ကောက်ကမပြေ။
ကလေးကသူ့ကိုပန်းရောင်စာရွက်ကလေးတစ်ရွက်လက်ထဲကိုလာထည့်ပေးတယ်။ ကလေးကိုစနောက်လို့ ကလေးစိတ်ဆိုးတဲ့အခါ ရယ်ချင်စရာမျက်နှာလေးဖြစ်သွားတက်တာကြောင့် သူအမြဲစနောက်မိတယ်။ စိတ်ဆိုးရင် ရုပ်ရင့်တယ်၊ အရေးအကြောင်းတွေထတယ်ဆိုတော့ ကလေးကပြာသလဲ ဖုန်းထုတ်ကာမှန်ကြည့်တော့ သူ့မှာဟန်မဆောင်နိုင်အောင်ရယ်မိပါသေးတယ်။ ဒါကိုကလေးက ရယ်ရမလားဆိုပြီး မျက်စောင်းလေဝင့်ကာထိုးလာတော့ သူ့မှာအရယ်သတ်ရပါသေးတယ်။
အကြည့်နဲ့တင်အလိုက်သိရသည်။ မဟုတ်ရက် နဂါးမျက်စောင်းတွေ၊ ကျားမျက်စောင်းတွေပြေးလာမှ လူကနေစရာမရှိဖြစ်မှာကို။
ဒါနဲ့အစောနက ကလေးပေးတဲ့စာရွက်ကလေးကို ဖြန့်ကြည့်တော့ စာရွက်ထဲမှာ ဂဏာန်းသုံးလုံးကိုရေးထားလို့ သူမနေနိုင်စွာမေးမိတယ်။
" ဒါကဘာလဲ။ ကိုယ်ချဲလ်မထိုးဘူး " လို့ပြောတော့ ကလေးမျက်လုံးတွေကစိတ်ပျက်သွားတာကို သူမြင်တွေ့လိုက်ရတယ်။ ဒီဂဏာန်းတွေက ဘာကြောင့်များလဲဆိုတာ သူစဥ်းစားပေမယ့် ဘယ်လိုမှအဖြေရှာမရ။ ဘာအဓိပ္ပါယ်လဲဆိုတာကိုမသိပါ။ ကလေးကဘာကြောင့် အခုလိုစာလုံးဂဏာန်းတွေပေးရလဲဆိုတာလဲမတွေးတက်။ ကိုယ်ကပဲ တုံးအလွန်းတာလားမသိ။ ညကျမှအဖြေကိုရှာကြည့်မယ်လို့တွေးကာ အိတ်ကပ်ထဲထည့်ခဲ့မိတာ။
" ယောက်ဖရေ ယောက်ဖ "
ညီမင်းယံအခန်းတံခါးကိုထုရိုက်လို့ အထဲကယောက်ဖဖြစ်သူကိုခေါ်လေတော့ အထဲကထူးသံပြန်မကြားပါ။