Ep.9 Part.2 (Unicode)

132 8 0
                                    

" က ကလေး....ကိုလွမ်း...လွမ်းလို့ "

ဒီစကားလေး
ပြောတာကိုတောင် တိမ်ညိုမင်းထစ်အလို့နေသည်။

ကလေးဆီကစကားသံတို့ထွက်လာမလာပဲ တိတ်ဆိတ်နေတာကိုသတိထားမိသည်။ ကလေးများစိတ်ဆိုးသွားတာလားလို့တွေးမိ၏။

" စိတ်ဆိုးသွားလားကလေး။ ကိုယ် ကိုယ်လေ ကလေးကိုလွမ်းလို့ သတိရလို့အိပ်တောင်မပျော်ဘူး။ ကလေးကိုဖုန်းဆက်ချင်ပေမယ့်လဲ ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်သွားမလားဆိုပြီး မခေါ်ရဲပြန်ဘူး။ ကလေးကိုလွမ်းတဲ့စိတ်နဲ့ အိပ်ယာပေါ်မှာလူးလွန့်နေပေမယ့် ဘယ်လိုမှအိပ်မရတာကြောင့် ကလေးကိုရည်ညွှန်းတဲ့ သီချင်းလေးတောင်ကိုယ်ဆိုလိုက်သေးတယ်။ ရွှေထူးရဲ့ချာတိတ်သီချင်းလေ ကလေးသိတယ်မဟုတ်လား။ "

" သိသားပဲ။ "

" ကလေးကလဲကွာ အသံတိတ်ပြီးမနေနဲ့လေ။ ကိုယ့်မှာကလေးအသံကြားချင်လို့ အရဲစွန့်ခေါ်ရတာကို။ "

" ဟင် အစောနကပြောတော့ နှိပ်မိသွားတာဆို။ "

" ကိုယ်ကသတိရလို့ ကိုယ်စောင့်နတ်က ချစ်သားငါခေါ်လိုက်မယ်ဆိုပြီး ကိုယ့်အစားခေါ်ပေးတာနေမှာပေါ့။ "

" တက်လဲတက်ပါ့။ စိတ်မဆိုးပါဘူး။ စိတ်ဆိုးစရာအကြောင်းမှမရှိတာ။ လွမ်းတယ်သတိရတယ်ပြောတာ စိတ်ဆိုးစရာမရှိပါဘူး။ "

လူလည်ကြီး။ ဟွန့် ကိုယ်စောင့်နတ်ကပဲ မနေနိုင်လို့ခေါ်ရတယ်ဖြစ်သေး။ ဖုန်းသာခေါ်တာ အကိုကသူစိတ်ဆိုးမှာကိုလဲ စိုးရိမ်နေတဲ့ပုံပါ။ အကိုကလေ ဒါလေးပြောဖို့ကို ဘယ်လောက်တောင်အားယူနေရသလဲမသိပါ။ သူနဲ့စကားပြောနေတဲ့အကိုအသံတွေက တုန်ကာထစ်အနေတာကိုတွေးမိပြီး ရယ်ချင်မိသည်။

အစကနဲ့စာရင် နည်းနည်းလေးတိုးတက်လာတာမို့ ရဲရင့်ရောင်စိတ်ထဲကနေ ကြိတ်ပျော်မိပါသည်။ အကိုက ကလေးစိတ်ဆိုးသွားလားတဲ့။ မေးမှမေးတက်တဲ့အကို။ ကိုယ်ချစ်တဲ့သူက ဖုန်းဆက်တာကိုစိတ်ဆိုးတဲ့လူရှိလို့လားလို့ ပြန်တောင်မေးလိုက်ချင်မိပါတယ်။ အကို့ဆီကနေ ဘယ်အချိန်ဖုန်းလာမလဲဆိုတာကိုမျှော်ရတာ အကိုနဲ့လမ်းခွဲပြီး အခန်းထဲရောက်တဲ့အထိပါပဲ။ ရေဝင်ချိုးတော့လဲ ခနပဲချိုးပြီး အကိုဆီကဖုန်းဝင်လာမလားလို့ တွေးမိပြီး ရေအမြန်ချိုးကာ ပြန်ထွက်လာရသည်။ ညစာစားတော့လဲ ဒယ်ဒီကဖုန်းကိုပဲစိုက်ကြည့်နေတဲ့သူ့ကို ထမင်းဖြောင့်ဖြောင့်စားဖို့ပြောလေသည်။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now