Part.1
အကို့ဆီကအဆက်အသွယ်မရတာ ကျောင်းပိတ်ရက်နှစ်ရက်လုံးမှာပေါ့။ အကိုကလဲမဆက်သွယ်သလို သူကလဲဖုန်းမခေါ်ဖြစ်ပါ။ အကိုဘာတွေလုက်နေမလဲ။ အချိန်တိုင်းအရက်တွေပဲ လှိမ့်သောက်နေမလားလို့ စိတ်ပူနေပါသော်လည်း အကိုကစာလေးတောင်မပြန်တာမို့ စိတ်ပူခြင်းကအနည်းငယ်။
" လွမ်းလိုက်တာဗျာ "
ရဲရင့်ရောင်တကိုယ်တည်းညှီးနေမိတယ်။ ဒယ်ဒီကိုပြောပြီးနောက် သူငယ်ချင်းမလေးတွေကိုလဲ မပြောပြပဲမနေနိုင်တာမို့ရင်ဖွင့်မိတယ်။ အစကတော့ဝိုင်းပြောလိုက်ကြတာ နောက်တော့လဲ အကို့ဆီကအချစ်တွေစုပြုံပြီးရအောင်ကူညီပါ့မယ့်တဲ့လေ။ အရမ်းချစ်ဖို့ကောင်းတဲ့သူငယ်ချင်းမလေးတွေ။
လွင်ကြီးအတွက်တော့သူလဲစိတ်မကောင်းပါ။ လွင်ကြီးကိုတော့ သူငယ်ချင်းတစ်ယောက်ထပ်မပိုသော သံယောဇဥ်သာရှိသည်။ ငယ်ပေါင်းကြီးဖော်တွေမို့ သူငယ်ချင်းထက်လဲမပို။ အကို။ အကို့ကျတော့ သူချစ်မိတာ။ နစ်နစ်နဲနဲကိုချစ်မိတာ။ ဒါဆိုဘာလို့အဖြေမပေးတာလဲလို့တော့ မမေးကြနဲ့နော်။ ရဲရင့်ရောင်ဆိုတဲ့ကိုယ်က ကိုယ်ကပဲချစ်ခဲ့တာလို့ထင်ရင်၊ ကိုယ့်ကိုဂရုမစိုက်ဘူးလို့ထင်ရင် နည်းနည်းလေးတော့ ပြန်ကလိတက်တဲ့အကျင့်ရှိနေတာမို့လေ။ အကို့ကိုလဲ အဲ့အတိုင်းပါပဲ နည်းနည်းလောက်တော့ ကလိချင်သေးတာမို့လေ။ နောက်ပြီး အကိုသူပေးတဲ့ အဓိပ္ပါယ်တွေကို ဖော်မရမခြင်းအဖြေမပေးဘူးလို့ စိတ်ကူးထားတာမို့ပါ။
ကျောင်းပိတ်ရက်တွေက တကယ်ပျင်းစရာလို့ ရဲရင့်ရောင်ထင်မိတယ်။ အရင်ကကျောင်းပိတ်ရက်ဆိုရင် စာအုပ်ကလေးဖတ်ရင်ဖတ် ဒါမှမဟုတ် Kdramaတွေကြည့်နေတက်တာ။ အခုပိတ်ရက်ကျ အကို့ကိုလွမ်းတဲ့စိတ်နဲ့နေရတာပေါ့လေ။
" လွမ်းတယ်ဗျာ။ "
လွမ်းတယ်လို့ပြောလိုက် တွေးလိုက်ရင် အကို့ဆီအပြေးသွားချင်နေတဲ့စိတ်ကိုမနည်းချိုးနှိမ်ထားရတယ်။
ဒါနဲ့ပဲ သူငယ်ချင်းမလေးနှစ်ယောက်ကို ဖုန်းဆက်ခေါ်ရတော့တာပါပဲ။ ရဲရင့်ရောင်ခြံထဲဆင်းကာ ပန်းပင်အောက်ကဒန်းစင်မှာ ထိုင်နေမိတယ်။ တစ်ယောက်ထဲ ဟိုတွေးဒီတွေးပေါ့။