Part.1
ခုနောက်ပိုင်း ရဲရင့်ရောင် အကြောင်းအမျိုးမျိုးပြကာ ကားဝပ်ရှော့ကိုရောက်လာတက်သည်။
တစ်ခါတလေဆို ယောက်ဖနဲ့စကားတွေပြော ဖောင်ဖွဲ့နေခဲ့တာ။ တစ်ခါတလေကျတော့လဲ ကားပြင်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရောက်လာခဲ့တာ။
အခုဆို သူဋ္ဌေးသားလေးနဲ့သူနဲ့အတော်အသင့်ရင်းနှီးလို့လာခဲ့ပြီလေ။
" ကိုကြီးညီမင်းယံ။ "
" ဟင်ပြောလေရောင်ရောင် "
" ဟိုလေ ကိုကြီးညီမင်းယံနဲ့ ဦးနက္ခတ်တို့ကဘယ်လိုဖူးစာဆုံကြတာလဲဟင်။ ကိုကြီးညီမင်းယံကို ဦးနက္ခတ်ကအရမ်းချစ်တာပဲနော်။ ဘေးကကျွန်တော်တောင် အားကျရတယ်။ "
ရောင်ရောင်ကအားကျတဲ့မျက်ဝန်းတွေနဲ့သူ့ကိုကြည့်ကာပြောလာတော့ ညီမင်းယံပြုံးရပါသေးတယ်။ ဦးကိုနဲ့သူရဲ့ဖူးစာဆုံပုံကိုမေးလာတော့လဲ ညီမင်းယံတို့ပြောပြရပါသေးဆိုပြီး ရေနွေးကြမ်းနဲ့လက်ဖက်သုပ်ကလေးကို စားပွဲပေါ်ချလို့ ရောင်ရောင့်ဘေးမှာထိုင်လိုက်တယ်။
" ဦးကိုနဲ့ဖူးစားကလား။ အဟင်း...ဘယ်လိုပြောရမလဲ။ အဲ့အချိန်တုန်းက အကိုကအဒေါ်ဆိုင်မှာအကူဝင်လုပ်ကြရင်းပေါ့ ဦးကိုကအဲ့တုန်းက ဆံပင်အရှည်ကြီးနဲ့လေ။ "
ဦးကိုက သူတို့ထမင်းဆိုင်လေးကိုဝင်လာခဲ့တုန်း ဂုတ်ထောက်နေတဲ့ဆံပင်တွေရယ် မုတ်ဆိတ်အရှည်ကြီးတွေနဲ့ပေါ့။ ထောင်ကစထွက်ချိန်တုန်းကထင်တယ် ဦးကိုစိတ်ဓာတ်ကြတဲ့အချိန်တုန်းကပေါ့။ နောက်ကျ ညီမင်းယံသိလိုက်တာက ဘုန်းကြီးကျောင်းမှာကလေးတွေကိုစာသင်ပေးတာ။ ဦးကိုကဘုန်းကြီးကျောင်းမှာ တည်းခိုနေတဲ့အချိန်ပေါ့လေ။ တစ်နေ့ကျ ဦးကိုကဘုန်းကြီးကျောင်းဝန်းထဲမှာ တံမြက်စည်းလှဲနေခဲ့တာ။ ညီမင်းယံကတော့ ကလေးတွေစာသင်ပြီးအချိန်ပြန်အလာတိုးတာပေါ့လေ။ အဲ့တုန်းကအချိန်တွေကို ညီမင်းယံမျလုံးထဲ အတွေးထဲမှာ အခုချိန်အထိရှင်းလင်းနေတုန်းပဲ။
ညီမင်းယံဟိုဘက်ကိုတိုးတော့ တံမြက်စည်းကြီးကိုင်လို့ သူ့ဘက်ကိုရောက်လာ၊ ညီမင်းယံနဲ့ဦးကိုပုံစံက ထုတ်စည်းထိုးနေသလိုပင်။