Ep.10 (Unicode)

129 8 0
                                    

" အကို။ အကိုလို့ ။ မျက်နှာကြီးက ဘာလို့သုန်မှုန်နေတာလဲဗျာ။ ကျွန်တော်ကမေ့နေလို့ စိတ်ကောက်နေတာလား။ "

ကားထဲရောက်တဲ့အထိ အကိုကသူ့ကိုစကားမပြောတော့ ရဲရင့်အောင်က အကို့အနားတိုးကာ ချော့ရသည်။

" မကောက်ပါဘူး။ "

" အကိုကသာမကောက်ဘူးပြောနေတာ အကို့မျက်နှာကြီး သိသာနေတာကို။ အကိုဝယ်လာတာမို့ထင်တယ် ဒီနေ့စားရတာ ရွှေတောင်ခေါက်ဆွဲကပိုစားကောင်းနေတာ။ "

မကောက်ပါဘူးဆိုတဲ့အသံရယ်။ စူပုတ်နေတဲ့ အကိုမျက်နှာက စိတ်မကောက်ဘူးတဲ့။ အကိုကမညာတက်ပဲညာတော့ ရဲရင့်ရောင်ရယ်ချင်မိသည်။ သူရယ်လိုက်ရင် အကိုကပိုပြီးစိတ်ကောက်နေအုံးမှာ။

" ရော့..."

အကိုကသူ့ကိုကြည့်လာတယ်။ သူပေးတဲ့အရာကို လက်ဖြန့်ယူသည်။

" ခုထိအကို့ကို ဒီစာလေးတွေပေးလာတာ ဘယ်နှစ်ခုမြှောက်ရှိပြီလဲဆိုတာ အကိုသိလား။ "

" အင့်ဟင်။ အကိုမှတ်မထားမိဘူးကောင်လေး။ "

ရဲရင့်ရောင် အကို့ကိုအခုလိုစာလေးတွေခေါက်ပေးခဲ့တာ အခုသုံးဆယ်ရှိခဲ့ပြီ။ အကိုကမှတ်မထားမိဘူးတဲ့။ ရဲရင့်ရောင်ဝမ်းနည်းသွားရသည်။ အကိုကသူ့ကို အလုပ်ရှင်ရဲ့သားတစ်ယောက်လို ဒါမှမဟုတ်ညီလေးတစ်ယောက်လို သတ်မှတ်ချက်ထက်မကျော်လွန်တဲ့ပုံပါ။

ကောင်လေးက ထူးဆန်းစွာအသံတိတ်သွားပုံရသည်။ အစောနကအထိ စကားတွေတသီကြီးပြောနေတဲ့ကောင်လေးက သူမှတ်မထားပါဘူးဆိုတဲ့ စကားတစ်ခွန်းကြောင့် စိတ်မကောင်းဖြစ်သွားပုံရသည်။

တစ်လမ်းလုံးကောင်လေးက စကားမပြောတော့ပဲ တိတ်ဆိတ်ကာဖုန်းသုံးနေတာကိုတွေ့ရသည်။ တိမ်ညိုမင်းစကားပြောမှားသွားပြီဆိုတာကိုသိလိုက်ပေမယ့် ကောင်လေးကိုတော့သူမညာချင်တာကြောင့် အမှန်တိုင်းပြောလိုက်မိတာ။

" ကောင်လေးကျောင်းဆင်းရင် ကိုယ့်ကိုဖုန်းခေါ်လိုက်လေ။ ကိုယ်လာကြိုပေးမယ်။ ဒီနေ့တစ်ပိုင်း ကောင်လေးသွားချင်တဲ့နေရာကို အကိုလိုက်ပို့ပေးမယ်။ "

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now