Ep.2 (Unicode)

333 14 1
                                    

" ရဲရင့်မင်းမျက်နှာကလဲစူပုတ်နေတာပဲ။ အိမ်ကဆူလိုက်လိုက်ပြန်ပြီလား။ "

" မဟုတ်ပါဘူးကွာ။ ဟိုလူပေါ့လူကိုအကြောကြီးနဲ့လေ ပြောသွားတာအမြင်ကပ်ဖို့ကောင်းချက်ပဲ။ "

ရဲရင့်ရောင်ခြေဆောင့်လို့ ခုံမှာဝင်ထိုင်လိုက်တယ်။ နှစ်ခါဆုံဖူးတာ နှစ်ခါစလုံးဘုနဲ့ဘောက်။ ကိုယ့်ထက်ငယ်တဲ့သူနဲ့တောင် အပြိုင်လိုက်ပြီးပြောတဲ့ ယောကျ်ားတွေဆို ရဲရင့်အောင်အမြင်သည်။ ကိုယ်လဲယောကျ်ားလေးပါပဲ သူ့လိုမျိုးကြီးတော့ လိုက်တွယ်မကပ်ပါဘူး။ စကားကိုကတ်သတ်ပြီးကိုပြောတဲ့လူဂွစာ။ ရုပ်ကလေးနဲ့အကျင့်ကလေးမှမလိုက်မဖက်။

" ဘယ်လူလဲ။ ဟိုတစ်ခါမင်းနဲ့ချိတ်မိတဲ့သူလား။ "

" ဟ ငါနဲ့ချိတ်မိတဲ့သူမဟုတ်ပါဘူး။ ငါ့စက်ဘီးနဲ့သူ့ဆိုင်ကယ်ချိတ်မိမလိုဖြစ်တာပါ။ "

မင်းလွင်သာမက ဘေးနားကသူငယ်ချင်းတွေကိုပါ ရဲရင့်အောင်မျက်စောင်းထိုးလိုက်တော့ အားလုံးကသူ့ကိုအကြည့်ရှောင်ကျသည်။

" အဲ့လူကချောလားဟင်။ ဘယ်လိုလဲသူ့ပုံစံက "

" ချောတော့ချောပါတယ်။ အကျင့်မှမကောင်းတာ ရုပ်ချောတော့လဲ ဘာလုပ်ရမှာလဲ။ နင်ကကောဘာထဖြစ်တာလဲ။ "

ဖူးပွင့်အမေးကိုဖြေပြီးမှ ရဲရင့်ရောင် ဖူးပွင့်ကိုမျက်ထောင့်နီနဲ့လှမ်းကြည့်တော့ ရယ်ကျဲကျဲနဲ့သူမက မျက်လုံးလေးကလယ်ကလယ်နဲ့ခေါင်းကုတ်နေရှာသည်။

" အသက်ကကော ငါတို့ထက်ကြီးလား။ ဘယ်အရွယ်လောက်လဲ။ "

" လာပြန်ပြီနောက်တစ်ယောက်။ အဲ့လောက်သိချင်ရင် သူ့သန်ခေါင်စာရင်းသွားကြည့်ပါ့လား။ ငါကဘယ်လိုသိမှာလဲ။ "

သဇင်မကပါမေးတော့လူကစိတ်ကဘူလာတာမို့ ရဲရင့်ရောင်မဲ့ရွဲ့ကာဆိုလိုက်တယ်။ ချောတယ်လို့ပြောလိုက်တာနဲ့ မမြင်ရလဲနှာဘူးထချင်နေတဲ့သူငယ်ချင်းမတွေ။ ကျောင်းလဲမနိုင် ယောကျ်ားလေးချောချောမြင်ရင် နှာဘူးထ။ ဟိုကလင်နဲ့တွဲသွားတဲ့အခါ ပုလင်းကွဲတွေတဗျင်းဗျင်းနဲ့ချကုန်ရော။
သူတို့နှာဘူးထနေတဲ့သူက ရုပ်ချောချောလေးနဲ့ပါသွားပြန်ရင်လဲ သားသည်မိခင်တွေလိုပဲ။ သူတို့မရနိုင်လောက်ဘူးထင်ရင် ဆရာတောင်လင်ပေးစားကျတဲ့အဖွဲ့ဖြစ်သွားရော။ ဆရာကိုကျောင်းသားနဲ့ပေးစားလိုက် ကျောင်းသားအချင်းချင်းပေးစားလိုက်နဲ့ အလုပ်ရှုပ်တက်တဲ့သူမတို့တွေကိုကြည့်ကာ ရဲရင့်အောင်သွေးတက်ခဲ့ရတဲ့နေ့တွေလဲမနည်းတော့။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now