Ep.11 (Unicode)

98 7 0
                                    

" ကိုတိမ်ညိုမင်း။ အရယ်မရပ်တော့ဘူးလား။ "

" Sorryကလေး Sorry။ အကိုအရယ်မရပ်နိုင်သေးလို့ "

တဟားဟားရယ်နေတာတောင် အကိုကကြည့်ကောင်းနေတာမို့ ရဲရင့်ရောင်မျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။ အကိုအခုလိုရယ်မောတာ သူပထမဆုံးမြင်ဖူးတဲ့ မြင်ကွင်းလေးမို့ မျက်လုံးထဲမှာသာမ နှလုံးသားထဲထိစွဲမြဲနေအောင် သိမ်းထားလိုက်ပါတယ်။

အမြဲတမ်းတည်ကြည်စွာနေတဲ့အကိုက အပြုံးအရယ်ရှားသည်။ အပြုံးအရယ်နည်းတဲ့အကိုက သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတော့ ဖော်ရွေစွာနှုတ်ဆက်ပြီးပြုံးပြတယ်။ သူနဲ့စတွေ့တုန်းကတော့ အကို့ကိုလူ့ဂွစာလူ့ကန့်လန့်လို့မြင်ခဲ့မိသည်။ အင်း သူကလဲရန်စွာခဲ့တာကြောင့်ထင်ပါတယ်။ အချိန်ကြာလာတော့ အကိုကခင်မင်စရာကောင်းတာကနေတစ်ဆင့် သူ့အတွက်တော့ရင်ခုန်လာရတဲ့သူတစ်ယောက်ဖြစ်လာတာပေါ့လေ။

" အကိုရယ်တာမပြီးတော့ဘူးလား။ "

" အင်း ပြီးပြီ။ "

အကိုကသူ့စိတ်ဆိုးစွာပြောတော့ ချက်ချင်းပဲအရယ်ရပ်ကာ ခပ်တည်တည်နေသည်။ အကိုကအခုလိုမျက်နှာတည်တည်ကြီးနေတော့ သူကရယ်ချင်လာပြန်ရော။ အကိုကလေ ပါးစပ်ကိုပိတ်လို့ မရယ်မိအောင်အတင်းလုပ်ယူထားပုံက တကယ်ရယ်ချင်စရာကောင်းနေသည်။

" အကိုက အဲ့လိုကြီးနေတော့ ပုပ္ပါးတောင်ပေါ်ကမျောက်ကြီးအစာမရတဲ့ပုံကြီး။ ဟီး "

" ဘာ...လူကြီးကိုနော်။ ကလေးကအဲ့လိုပြောစရာလား။ "

" တကယ်တူတာပါဆိုနေ။ "

" ဟား..."

" ဒီကလေး "

တိမ်ညိုမင်းကလေးရဲ့ခေါင်းကို မနာအောင်အသာထုတော့ ကလေးကတိမ်းကာယိမ်းကာနဲ့ရှောင်သည်။

ကလေးကလေ လူကိုချစ်မိအောင် ပြုမှုဖမ်းစားနိုင်တဲ့ကောင်လေးတစ်ယောက်။ အမြဲတမ်းရနိစွာတက်တဲ့ကောင်လေးက ချစ်စရာကောင်းနေတယ်ဆိုတာက စတွေ့ကတည်းကတိမ်ညိုမင်းမြင်မိသည်။ ချစ်စရာကောင်းတဲ့ ကလေးဟာ သူ့ကိုရန်ထောင်လို့ သူကလဲ သူဋ္ဌေးသားလူပေါ်ကြော့ဆိုပြီး ပြောခဲ့ဖူးသည်။ အခုကျကလေးက လူတွေအပေါ်ကိုဆိုးချင်တာ။ ကလေးဆိုးတာကလဲ သူချစ်ခင်တဲ့လူတွေအပေါ်မှသာဆိုတာကိုတော့ အချိန်ကြာလာမှသိခဲ့တာ။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now