Ep.13 (Unicode)

76 9 0
                                    

" ဟော...ဦးကိုရဲ့ညီတော်မောင်နိုးလာပါပြီရဲ့။ မနေ့ကညက အသည်းကွဲတယ်ဆိုပြီး သောက်လိုက်တာ တစ်ဖက်လူကိုတောင်အားမနာနိုင်ဘူးနော်။ ဘယ်နဲ့ဗျာ ကိုယ်အသုံးမကျလို့ ကွဲတဲ့အသည်းကိုများ နည်းတောင်နည်းသေးတယ်။ ကွဲပါစေစမ်း။ "

" ဟာ...ယောက်ဖ မင်းကလွန်လွန်းအားကြီးတယ်ကွာ။ မင်းမှာယောက်ဖဆိုလို့ ငါတစ်ယောက်ပဲရိီတာကို ပြောရက်တယ်။ "

တိမ်ညိုမင်းခေါင်းကိုက်နေတာကို လက်တစ်ဖက်နဲ့ဖိလို့ မီးဖိုချောင်ထဲ အမူးပြေ၊ခေါင်းကိုက်ပြေလေး ဖျော်သောက်ရအောင် သံပုရာသီးဝင်ရှာတော့ ယောက်ဖဖြစ်သူက အကိုထက်ကိုဒေါသထွက်ကာ စူပူနေတော့တာ။ အသည်းကွဲတာကိုမသနားတဲ့အပြင် မီးလောင်ရာနေတဲ့ယောက်ဖဖြစ်သူကို တိမ်ညိုမင်းဘုတောကြည့်လိုက်တော့ ကိုကြီးနက္ခတ်တို့များ လင်ကိုထိဓားကြည့်ဆိုပြီး သူ့ဆီကိုမျက်စောင်းကဒိုင်းခနဲမို့ ယောက်ဖဖြစ်သူကိုတောင် အကြည့်စူးစူးတွေပြန်ရုတ်သိမ်းရတဲ့အထိပါပဲ။

" မင်းကကော ဘာထူးလို့လဲကွ။ ကောင်လေးပြောလဲပြောလောက်စရာပဲလေ။ မင်းကိုလှော်ပေးတုန်းကကျ တက်နဲ့လှော်ရမလားလက်နဲ့လှော်ရမလား တုံ့ဆိုင်းနေတာကို အခုသူများနောက်ပါသွားပြီလေ။ လက်နှေးခွက်ဆေးကျန်ခဲ့ရမယ့်ခေတ်မှာ မင်းညံ့မင်းခံပေါ့ဟ။ "

သူ့ကိုဝိုင်းနှိပ်ကွပ်နေတဲ့အကိုနဲ့ယောက်ဖအပြောကြောင့် တိမ်ညိုမင်းမှာ ခေါင်းပဲအကိုက်ခံပြီး အခန်းထဲမှာပဲခွေရတော့မလိုလို၊ ဒီအနားမှာပဲ အကြိတ်ခံရတော့မလိုလိုနဲ့ ကြောင်ပျောက်နေရတဲ့အထိပဲ။ ပြောအားရှိတဲ့သူတွေကျ ပြောပါစေလို့သာ တိမ်ညိုမင်းစိတ်ထဲကနေပြောနေမိတယ်။

လတ်တလောပူပူနွေးနွေးအသည်းကွဲနေတော့ လူကရေတောင်သောက်ရမှာ နဝင်တော့သလို အာတွေတောင်ခြောက်ကပ်နေတာကိုခံစားရသည်။

" အခုမှ ချစ်ပါတယ်ဆိုပြီး ဝန်ခံလိုက်ခါမှ ငါ့ယောက်ဖအသည်းကွဲရတော့တယ်လို့ ဟား ဟား "

" ယောက်ဖရာ ငါ့ကိုလဲသနားပါအုံးဟ။ မင်းနဲ့တွေ့မှ ငါ့မှာလဲ ထားစရာမျက်နှာမရှိတော့ဘူးဟ။
ငါ့ကိုအားနာပါအုံးလားဟ။ "

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now