Ep.6 (Unicode)

168 10 0
                                    

" မနက်ဖြန်ကနေစပြီး အန်ကယ်ဆီမှာအလုပ်စဆင်းတော့နော်။ မင်းညီကိုအကြိုအပို့လုပ်ရင်းပေါ့။ ပင်ပန်းတယ်လို့လဲသဘောမထားနဲ့။ နောက်ကျမင်းတို့ပဲ ဦးစီးကျရမှာဆိုတော့ အခုကတည်းကကြိုးစားပြီးသင်ယူထားပေါ့။ "

" ဗျာ...အန်ကယ်"

" အော်...နောက်ပိုင်းအန်ကယ်ကအလုပ်တွေနားလိုက်ရင် မင်းညီပဲဒီအလုပ်တွေကို ဦးစီးရမှာမလား။ မင်းကအနီးကပ်သင်ပေးရမှာကိုပြောတာပါ။ "

အန်ကယ်စကားကြောင့် တိမ်ညိုမင်းအံ့သြကာ လန့်ဖျန့်ပြီးပြန်မေးမိတဲ့ထိပါ။ အန်ကယ်ကစိတ်လောကပြောလိုက်ပုံရပါတယ်။ သူ့ကိုအန်ကယ်ကပြုံးပြီးပြောလာတယ်။

မနက်ဖြန်ကစပြီးအန်ကယ်ရဲ့အလုပ်တွေမှာ ဝင်လုပ်ပေးရတော့မှာမို့ ကလေးနဲ့တွေ့ချိန်ဟာနည်းပါးသွားမှာကို ကြိုသိရတော့ တိမ်ညိုမင်းဝမ်းနည်းသွားရပါသည်။ အရင်ကလို ကလေးအနားအချိန်အများကြီးကပ်လို့မရတော့။

" အန်ကယ်ပြန်ခွင့်ပြုပါအုံးဗျ။ "

" ကားယူသွားလေငါ့တူ။ မနက်ကျတော့လဲ ပြန်လာရမှာဆိုတော့။ မင်းနဲ့လဲကွယ် ဒီမှာပဲနေပါဆိုနေမှ မဟုတ်ရဘူး။ အသွားအပြန်နဲ့မင်းပိုပင်ပန်းပါတယ်။ အိမ်မှာကတစ်ယောက်စာပျုချက်ရလို့ မပင်ပန်းပါဘူးကွာ။ "

ကလေးကိုပြန်ပို့ပြီးချိန် အန်ကယ်နဲ့စကားခနပြောပြီး ပြန်ရန်နှုတ်ဆက်တော့ အန်ကယ်ကစိတ်မသက်သာစွာနဲ့ပြောလာတယ်။
ဒါပေမယ့်လဲ တိမ်ညိုမင်းမနေချင်တာမို့ အန်ကယ့်စကားကိုငြင်းဆန်လိုက်ရသည်။ ကလေးအနားပိုပြီး နီးကပ်လွန်းစွာနေရင် ကလေးအချစ်တွေကိုရဖို့ သူကြိုးစားမိနေမှာ။

ဒီအသက်အရွယ်ရောက်မှ ကိုယ့်ထက်ငယ်တဲ့ကလေးကို ချစ်မိကြိုက်မိတာကလဲ မလွယ်လှချေ။ ကလေးနဲ့တွေ့တိုင်းဘုကလန့်တွေပြောပေမယ့် အချိန်ကြာလာတော့ ကလေးကိုပိုပြီးချစ်လာမိသည်။ ကလေးမှာရည်းစားများ သူ့ထက်အရင်ဦးသူများရှိနေပြီလားလို့ တွေးမိပြန်တော့ စိတ်ကပိုရှုပ်လာရပြန်သည်။ ညဘက်တွေမှာကလေးကိုလွမ်းလို့ ဖုန်းဆက်ချင်ပြန်သော်လည်း ကလေးဖုန်းနံပါတ်ကသူ့ဆီမှာမရှိ။ ရန်ကုန်တွင်းထဲမှာမို့ ပြေးတွေ့ရအောင်ပြန်ကလဲ ကလေးနဲ့သူက အတော်လေးဝေးတဲ့အနေအထားမှာရှိသည်။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now