Ep.9 (Part.1) ( unicode)

114 9 0
                                    

Part.1

" နင်တို့နှစ်ယောက်ကို ငါတို့အားမရဘူးဟာ။ တစ်ယောက်ကလဲ လှုပ်စိလှုပ်စိနဲ့ ဆွဲဆောင့်ပြီး ရှင့်ကိုသူကချစ်နေပါတယ် ကြိုက်နေပါတယ်ဆိုပြီး ကြားထဲကနေသာပြောပစ်ချင်တယ်။ ရော့ အင့်ဆိုပြီးကိုထိုးထည့်ပေးပစ်ချင်လိုက်တာ။ "

" ဟုတ်ပ ဘေးကမြင်နေတွေ့နေရတဲ့ ငါတို့နှစ်ယောက်မှာ နင်တို့ဘယ်အချိန်ချစ်သူဘဝကောက်မလဲဆိုတာကို စိတ်တောင်မရှည်တော့ဘူး။ "

ဖူးပွင့်ကအပြော သူဇာကပါအဝင် နှစ်ယောက်သားအကြား မျက်နှာလေးငယ်နေရသူက ရဲရင့်ရောင်။ သူမတို့ပြောလိုက်မှ တဆုံးကြီး။

" နင်တို့နှစ်ယောက်ကလဲ အဲ့ကျငါကအောက်တာပေါ့ဟ။ ငါလဲသူ့ကို အမျိုးမျိုးရေခင်းပြလိုက် စီးပြလိုက်နဲ့လုပ်ပြနေတာပဲ။ သူကိုကလဒူလေ။ ရည်းစားစာပေးတာတောင် အခုထိအဖြေမသိသေးတဲ့လဒူဟေ့။ ငါလဒသူ့ကိုကြိုက်တယ်လို့မပြောယုံပဲကျန်တော့တယ်။

နင်တို့စဥ်းစားကြည့်ဟယ် မနက်ကငါ့ဖုန်းနံပါတ်ကိုတောင်းတယ်။ သတိရင်ဆက်မယ်တို့ လွမ်းရင်ဖုန်းဆက်မယ်လို့မပြောပဲ သူနောက်ကျတဲ့အခါမျိုး၊ ငါကျောင်းဆင်းတဲ့အချိန်စောတာမျိုး ဖုန်းဆက်လို့ရအောင်တဲ့လေ။ အကိုကဘုရားဖြစ်မယ့် အုတ်နီခဲမျိုးဟ။ "

သူငယ်ချင်းသုံးယောက် အတန်းခနအားတာမို့ အအေးသောက်ရန်ကန်တင်းကိုလာရင်း မနက်ကအကြောင်းကအစချီလို့ သူဇာနဲ့ဖူးပွင့်ကလဲ ဘယ်လိုစိတ်မရှည်ကြောင်း​ပြောဖြစ်ကြသည်။

အကိုကလေ သူ့အချစ်တွေကိုတကယ်ပဲမမြင်တာလား၊ တမင်ပဲမသိချင်ယောင်ဆောင်နေတာမျိုးလားကို မတွေးတက်တော့။ နဖူးစပ်ကချွေးစတို့သုတ်ပေးတော့လဲ ပြုံးနေတာပဲ။ သူကြိုက်တဲ့တက်အရာတွေကိုလဲ ဂရုစိုက်ပြီးသတိတရဝယ်လာပေးတာပဲ။ ကားဆီးလို့ နောက်မှာထိုင်တော့လဲ မကျေမနပ်မျက်နှာမျိုးနဲ့ သူရှေ့ခုံမှာမထိုင်းမချင်းကားက မောင်းမထွက်။ ရှေ့ခုံမှာထိုင်တော့ပြုံးတယ်။ သူ့ကိုမသိမသာခိုးကြည့်နေတာကိုလဲ ရဲရင့်ရောင်သိတယ်။ စိတ်ဝင်စားလို့ ရည်းစားစကားများပြောမလားလို့ မျှော်လင့်မိတော့လဲ မျှော်လင့်သလိုကဖြစ်မလာ။

ချစ်လိပ်ပြာလေးတဝဲလည်လည်Where stories live. Discover now