Chapter - 42 [ အချုပ်ထဲသို့ဝင်ခြင်း]

590 57 0
                                    

Chapter - 42 [ အချုပ်ထဲသို့ဝင်ခြင်း]

#unicode

ချူကျင်းဇီသည် လက်ခုပ်တီးလိုက်ပြီး "အားနည်းတဲ့ကြက်လေးတွေက ခွေးလိုလာဟောင်နေကြတာပဲ ဟမ့် ရှင့်တို့ကိုသင်ခန်းစာမပေးမချင်း သင်ယူနိုင်မှာမဟုတ်ဘူးထင်တယ်"

လူမိုက်သုံးယောက်က သူတို့ခေါင်းဆောင်အရိုက်ခံလိုက်ရတာကြောင့် ချူစန်းကိုချက်ချင်းလွှတ်ပေးလိုက်ပြီး ချူကျင်းဇီကိုဝိုင်းလိုက်ကြသည်။

လူမိုက်ခေါင်းဆောင်က သူ့ပါးစပ်ထောင့်ရှိသွေးများကို သုတ်လိုက်ပြီး မျက်လုံးထဲတွင်မီးများတောက်လောင်နေကာ သူ့မျက်နှာကိုရှုံ့တွန့်လိုက်ရင်း အော်လိုက်သည်။ "အဲဒီကောင်မကို မသတ်နဲ့  ပြန်ဆွဲခေါ်သွားပြီး သေချင်တယ်လို့ခံစားရတဲ့အထိလုပ်လိုက်ကြကွာ!"

"ကျွန်မကိုရှင်တို့က သေချင်တယ်လို့ ခံစားရအာင် လုပ်ချင်ကြတယ်ပေါ့လေ အဲဒီလိုအော်ရမှာ ရှင်တို့ဖြစ်တဲ့အထိ ရိုက်ပေးပြမယ် "ချူကျင်းဇီက အေးစက်စွာပြုံးလိုက်သည်။

သူမစကားပြောရင်းလက်သီးများကိုဆုပ်လိုက်ပြီး ဝိညာဉ်စွမ်းအားကို လျှို့ဝှက်စွာ ဖြန့်ကျက်ကာ သူမနှင့်အနီးဆုံးရှိ လူမိုက်၏မျက်နှာကို လက်သီးဖြင့်ထိုးလိုက်ပါသည်။

သွေးတွေရောနေသည့် သွား ၅ချောင်း၊၆ချောင်းလောက်ကျွတ်ထွက်သွားခဲ့ကာ ထိုလူမိုက်သည်လည်း အော်ဟစ်လျက် လွင့်ထွက်သွားခဲ့သည်။ သူသည် သစ်ပင်နှင့်ဝင်ရိုက်ဆောင့်သွားမိပြီး မြေပြင်ပေါ်ရောက်သည့်နှင့် သတိမေ့သွားတော့သည်။

လူတိုင်းက ချူကျင်းဇီကို လေးစားအားကျစွာကြည့်လိုက်မိကြသည်။

လူမိုက်သုံးယောက်သည်လည်း ထိတ်လန့်သွားကြသည်။

ချူကျင်းဇီသည် အပျင်းကြောဆန့်ကာ လူမိုက်တွေဆီကိုလျှောက်သွားလိုက်သည်။ သူမ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုရှိနေပြီး ထိုအပြုံးဟာ လူမိုက်များအား ကြောက်ရွံ့မှုကြောင့် အနောက်သို့ဆုတ်၍သွားစေသည်။ လူမိုက်ခေါင်းဆောင်ဟာ နောက်ပြန်တွားသွားနေပြီး တုန်ယင်နေခဲ့ပါသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now