Chapter - 42.2 [ အချုပ်ထဲသို့ဝင်ခြင်း ၂ ]

553 62 0
                                    

Chapter - 42.2 [ အချုပ်ထဲသို့ဝင်ခြင်း ၂ ]

အရပ်ပုပုနှင့်လူမိုက်သည် ချူကျင်းဇီနှင့် မျက်လုံးချင်းစုံအောင် မကြည့်ဝံ့ပေ။ သူသည် ချူကျင်းဇီကိုမြင်လိုက်ကိုမြင်လိုက်သည့်အခိုက်တွင် သွားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်နှာနာကျင်ခြင်းနှင့် နေရာတိုင်းမှာ နာကျင်ခြင်းတို့ကို ခံစားခဲ့ရသည်။

ရဲမက်သည် သူမရဲ့အဝတ်ကိုစစ်ဆေးကြည့်လိုက်ပြီး ထိုအရာသည် စင်စစ် သွေးများပင်ဖြစ်လေသည်။

"သူမကိုခေါ်သွားလိုက်"

ချူကျင်းဇီသည် ချူရှုဟွာအား ဖြတ်လျှောက်ကာပြောလိုက်သည်။ "အစ်ကိုကြီး ထန်ကျင်းဟုန်ကိုသွားရှာလိုက်ပါ သူကကျွန်မကိုကယ်တင်နိုင်ပါလိမ့်မယ်"

"ကျင်းဇီ အစ်ကိုကြီးက အမြန်ပြန်ပြီး အစ်ကိုကျင်းဟုန်ကို ချက်ချင်းသွားရှာလိုက်မယ်နော်"

"အလျင်လိုစရာမလိုပါဘူး အစ်ကိုကြီးရယ် သကြားဝယ်သွားဖို့ သိရပါဦး"

"......"

သူမက ဒီလိုအချိန်မှာတောင် အလုပ်ကိစ္စစဉ်းစားနေသေးတယ်!!!

သို့သော် သူသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ခဲ့ပါသည်။ သူက သကြားကို အမြန်ဝယ်လိုက်ပြီး ထန်ကျင်းဟုန်ကိုရှာရန် အမြန်ပြေးထွက်သွားတော့သည်။

ချူကျင်းဇီသည် အစိုးရရုံးတော်သို့ ရောက်သောအခါ နောက်ပင်ကျနေပြီဖြစ်သည်။ သူမကို အချုပ်ခန်းထဲသို့ အရင်ထည့်ထားလိုက်ပြီး နောက်တစ်နေ့မှ စစ်ဆေးမေးမြန်းမည်ဖြစ်သည်။

ချူမိသားစုက ချူကျင်းဇီကို ရဲမက်များခေါ်ဆောင်သွားကြောင်း ကြားသိလိုက်ရသောအချိန်တွင် သူတို့ရဲ့အတွင်းစိတ်ထဲအထိ ကြောက်လန့်သွားခဲ့ကြသည်။ ချူရှုဟွာသည် အားလုံးကို စိတ်ငြိမ်သွားအောင် မနည်းနှစ်သိမ့်လိုက်ရသည်။ ထို့နောက် သူတို့သည် ထန်မိသားစုဆီသွားကာ ထန်ကျင်းဟုန်ကိုရှာဖွေကြသည်။ ထန်ကျင်းဟုန်က ရှိမနေခဲ့တာကြောင့် ရွာဝင်ပေါက်သို့သွားကာ ထန်ကျင်းဟုန်အပြန်ကို စောင့်မျှော်နေခဲ့ကြသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now