Chapter - 43 [ ကျင်းဇီ၏ အမှုစစ်ဆေးခြင်း ]

570 59 0
                                    

Chapter - 43 [ ကျင်းဇီ၏ အမှုစစ်ဆေးခြင်း ]

#unicode

မကြာမီ ခြေသံများထွက်ပေါ်လာပြီး ရဲမက်ကြီး၏ မျက်နှာချိုသွေးနေသော စကားသံ ထွက်လာသည်။ "စစ်သူကြီး တစ်ခုခုရှိရင် အစေခံတွေကိုသာ လုပ်ခိုင်းလိုက်ပါ ခုလိုကိုယ်တိုင်ကိုယ်ကျ ရောက်လာဖို့မလိုပါဘူးဗျာ"

ထန်ကျင်း၏ ဂုဏ်သိက္ခာရှိသော အသံတိုးတိုး ထွက်ပေါ်လာသည်။ "မင်းက ငါ့သူငယ်ချင်းကို ဖမ်းထားမှတော့ လူကိုယ်တိုင်ရောက်လာရတာပေါ့ကွာ"

ရဲမက်က မသိစိတ်ထဲထိ ကြောက်လန့်သွားသည်။ "စစ်သူကြီး နားလည်မှုလွဲနေတာပဲဖြစ်ရမယ် ကျွန်တော်တို့က စစ်သူကြီးရဲ့သူငယ်ချင်းကို ဖမ်းရဲပါ့မလား"

"ငါတို့သူမကိုတွေ့ရင် သိရလိမ့်မယ်"

ခဏနေတော့ ထန်ကျင်းဟုန်ဟာ ရဲမက်တစ်ဖွဲ့နဲ့အတူ ချူကျင်းဇီရဲ့အချုပ်ခန်းကိုရောက်လာသည်။

ထန်ကျင်းဟုန်သည် ပေါ့ပေါ့ပါးပါးဖြစ်နေသော ချူကျင်းဇီအားကြည့်လိုက်သည်။သူ ဒီကောင်မလေးကို စိုးရိမ်နေဖို့မလိုဘူးဆိုတာသိသားပဲ။ သူက လက်တစ်ဖက်ကိုနောက်သို့ ပစ်ကာ ရဲမက်ကိုပြောလိုက်သည်။ "သူမက ငါ့သူငယ်ချင်းပဲ"

ရဲမက်ကချက်ချင်း သော့ယူကာ အမြန်ဖွင့်ပေးလိုက်ပြီး "စစ်သူကြီး အထင်လွဲတာပါ...အထင်လွဲတာပါ..."

ထို့နောက် သူကချူကျင်းဇီကို လေးလေးစားစားပြောလိုက်သည်။ "သခင်မလေး ကျွန်တော်တို့ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး အဲတာတွေအကုန်လုံးဟိုလူမိုက်တွေရဲ့အမှားပဲ"

ချူကျင်းဇီသည် ယခုအခါတွင် အင်အားကြီးမားသော ကျောထောက်နောက်ခံရှိလာပြီး သူမစကားပြောသောအခါ ရဲရင့်နေသည်။ "ဒါကလူမိုက်တွေရဲ့ အမှားကြောင့်ဆိုရင် သူတို့ကို ဖမ်းပြီး ကျွန်မကိုဘာကြောင့် ချောက်ချတာလဲဆိုတာမေးလိုက်"

"ကောင်းပါပြီ သခင်မလေး ကျွန်တော်တို့ ချက်ချင်းသွားလုပ်ဆောင်လိုက်ပါ့မယ်"ရဲမက်က လူမိုက်တွေကို စိတ်ထဲကနေကျိန်ဆဲလိုက်ပြီး အမြန်ပြေးထွက်ရှာတော့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now