Chapter - 44 [ အမှုအား အလျင်အမြန်စီရင်ခြင်း ]

576 61 0
                                    

Chapter - 44 [ အမှုအား အလျင်အမြန်စီရင်ခြင်း ]

#unicode

ခရိုင်တရားသူကြီးမင်းသည် ရုန်မိသားစုအကြီးအကဲနှင့် သူငယ်ချင်းများဖြစ်သောကြောင့် ရုန်ယူဖန်ကိုဘက်လိုက်ပေးချင်ခဲ့သည်။ သို့သော် ထန်ကျင်းဟုန်ရဲ့ အေးစက်စက်မျက်နှာနဲ့ တည်တင်းနေသော နှုတ်ခမ်းကြောင့် မလုပ်ရဲခဲ့ချေ။ "သခင်လေးရုန် မင်းသူတို့ကိုသိပါသလား"

ရုန်ယူဖန်သည် လူမိုက်လေးယောက်အား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး ခေါင်းခါကာပြောလိုက်သည်။ "တရားသူကြီးမင်း ကျွန်တော်သူတို့ကိုမသိပါဘူးခင်ဗျ"

သူ့ရဲ့သရုပ်ဆောင်မှုက လုံးဝကိုAအဆင့်ပါလားဟု ချူကျင်းဇီကတွေးလိုက်မိသည်။

လူမိုက်လေးယောက်သည် ထိုသည်ကိုကြားလိုက်ရသော် ထိတ်လန့်သွားခဲ့သည်။

ခရိုင်တရားသူကြီးမင်းက လူမိုက်လေးယောက်အားကြည့်ကာ "သခင်လေးရုန်က မင်းတို့ကိုမသိဘူးလို့ပြောနေတယ် တခြားပြောစရာရှိသေးလား"

"သခင်လေးရုန် ကျွန်တော်တို့ကိုမသိဘူးလို့ ဘာလို့ပြောနိုင်ရတာလဲ အဲဒီနေ့ကကျွန်တော်တို့ကို လမ်းကြားထဲမှာ ငွေငါးတေးလ်ဆီပေးပြီး ရေခဲချောင်းဆိုင်လေးကိုဖျက်ဆီးခိုင်းတာလေ မေ့သွားပြီလား..."

"မဟုတ်မဟက်တွေ! ငါရုန်မိသားစုရဲ့အကြီးဆုံးသခင်လေးပဲ.....ငါကမင်းတို့ကို ဘာကြောင့် ဒီလိုရှက်စရာကောင်းတဲ့အလုပ်မျိုးလုပ်ခိုင်းရမှာလဲ"

ရုန်ယူဖန်သည် ဘူးခံငြင်းနေကာ "မင်းတို့မှာ သက်သေရှိလို့လား"

"သက်သေလား" လူမိုက်တွေကနေရာမှာပဲ ကျောက်ရုပ်ဖြစ်သွားကြသည်။ သူတို့ကချက်ချင်းသဘောတူခဲ့ကာ အနီးတွင်မျက်မြင်သက်သေမရှိပါချေ။ သူတို့မှာ ဘယ်လိုသက်သေရှိရမှာလဲ။

ရုန်ယူဖန်းသည် သူ့လက်အမူအရာဖြင့် အရိုအသေပြုကာ "တရားသူကြီးမင်း သူတို့ကကျွန်တော့်ကိုချောက်တွန်းနေတာပါ ကျွန်တော့်အတွက်တရားမျှတမှုရှာပေးပါ"

ရုန်ယူဖန်က သူ့ကိုဆန့်ကျင်ရန် သက်သေမရှိမှန်းသိသောကြောင့် ငြင်းဆိုခဲ့သည်။ အထောက်အထားမရှိဘဲ ချူကျင်းဇီသည် သူ့ကိုဘာမှလုပ်နိုင်ပါချေ။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now