Chapter - 47 [ အမှုအား ပြန်လည်ရင်ဆိုင်ခြင်း ]

563 54 0
                                    

Chapter - 47 [ အမှုအား ပြန်လည်ရင်ဆိုင်ခြင်း ]

#unicode

ချူကျင်းဇီက ခေါင်းညိမ့်လိုက်ပြီး စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။ "ရှင်ရော"

"ကိုယ်ရောပဲ ဒါပေမယ့် ကိုယ်က မင်းမစားရသေးမှာကို စိုးရိမ်နေတာ အဲဒါကြောင့် မင်းအတွက်မုန့်ဝယ်လာခဲ့တယ်" ထန်ကျင်းဟုန်က ချူကျင်းဇီအတွက် ဝယ်လာခဲ့သော မနက်စာကို ပေးလိုက်သည်။

ချူကျင်းဇီ ခေါင်းလေးကိုငုံ့ကာ မနက်စာကိုကြည့်လိုက်သည်။ ရုတ်တရက်သူမဟာ ချိုမြိန်ခြင်းကိုခံစားလိုက်ရလေသည်။

"ကျေးဇူးတင်ပါတယ်"

ထန်ကျင်းဟုန်၏မျက်ဝန်းထဲမှာ အပြုံးတစ်ခုပေါ်လာခဲ့ပြီး "လျှောက်နေရင်းစားမလား ဒါမှမဟုတ် မသွားခင် အရင်ဆုံးထိုင်စရာနေရာရှာပြီးမှ စားမလား"

"လမ်းလျှောက်ရင်းနဲ့စားကြတာပေါ့" ချူကျင်းဇီ သူမဘာသာတွေးလိုက်သည်။ မိန်းကလေးတွေက ရင့်ကျက်တဲ့ယောကျာ်းတွေကို သဘောကျကြတာ မဆန်းတော့ပါဘူး။ ဂရုစိုက်ခံရတာ ခံစားလို့ကောင်းတယ်လေ။ သူမကို ထန်ကျင်းဟုန်က မနက်စာဝယ်ပေးထားမယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် အိမ်ကနေမစားလာခဲ့ပါဘူး။

ချူကျင်းဇီ လမ်းလျှောက်နေရင်း နင်သွားမှာကိုစိုးရိမ်သောကြောင့် ထန်ကျင်းဟုန်က  သူ့ရဲ့ခြေလှမ်းကိုနှေးပစ်လိုက်သည်။

သူတို့ခရိုင်ရုံးတော်ကိုရောက်တဲ့ အချိန်မှာတော့ ချူကျင်းဇီ မနက်စာစားပြီးသွားခဲ့လေပြီ။ သူမဝမ်းဗိုက်ကိုပုတ်လိုက်ကာ ပြည့်အင့်နေသည်ဟုခံစားလိုက်ရသည်။

ဝေါယာဉ်တစ်စင်းသည် ခရိုင်ရုံးတော်သို့ရောက်ရှိလာကာ ကျက်သရေရှိသော အမျိုးသမီးတစ်ဦးပေါ်ထွက်လာခဲ့သည်။

အစေခံတစ်ယောက်က အမျိုးသမီးကိုကူပေးလိုက်ပြီး ရုံးတော်ထဲသို့ဝင်ရောက်သွားကြသည်။

ထိုအမျိုးသမီးသည် ချူကျင်းဇီကိုတွေ့သောအခါ ခက်ထန်စွာကြည့်လိုက်သည်။ ချူကျင်းဇီအတွက် နက်နဲသောမုန်းတီးမှုများကို ဖုံးကွယ်ထားသကဲ့သို့ သူမ၏အကြည့်များသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now