အပိုင်း - ၃၇

1K 187 10
                                    

အပိုင်း - ၃၇

Triple update.

‌အန္တရာယ်‌ေပးနိုင်ဟန် မရသည့် ရွှီဟန်က ချက်ချင်းပင် ရှေ့တိုးသွားကာ ထိုဂျပန်‌ေယာက်ျား၏လက်ကို ကိုင်ဆွဲပြီး အားပြင်းစွာ ဆွဲကိုင်လိုက်သည်။ ထို့နောက် ထိုသူ၏ ဒူးအား ခြေထောက်ဖြင့် ကန်လိုက်ရာ တစ်ဖက်လူအား မှောက်ကျသွားစေလို့။

ထင်မှတ်မထားသော အရာဖြစ်သည့်တိုင် ထိုဂျပန်ယောက်ျားမှာ သိုင်းပညာအခြေခံရှိသူပီပီ အမြန် ပြန်ပြီး ကုန်းရုန်းထလိုက်သည်။ သို့သော် ရွှီဟန်၏ လှုပ်ရှားမှုက လျှပ်စီးတမျှ လျင်မြန်မည်ဟု ထင်မထား။ သူ သေချာမမြင်လိုက်ခင်မှာပင် ရွှီဟန်က သူ့ရင်ဘတ်ပေါ်သို့ ဒူးတစ်ဖက်ဖြင့် တက်ဖိထားပြီးပြီဖြစ်၏။

အဆုတ်ထဲရှိလေများ နင်းခြေညှစ်ထုတ်ခံလိုက်ရသလိုဖြစ်ကာ ထိုသူ၏မျက်လုံးထဲ မှောင်မိုက်သွားသည်။ ထိုအခါမှာမှ ထိုဂျပန်‌ေယာက်ျားက အပ်စိုက်‌ရာနေရာဟု တရုတ်များခေါ်ကြသော နေရာအား ထိုလူငယ် လာဖိထားကြောင်း သိလိုက်ရကာ ခြေရောလက်ပါ ထုံကျင်နေလို့။

ပိုပြီး ကြောက်စရာကောင်းသည်မှာ ရွှီဟန်က သစ်သားအကျိုးအပဲ့တစ်ပိုင်းကို ကောက်ယူလိုက်ကာ အချွန်ရှိသောဘက်ခြမ်းနှင့် သူ့မျက်နှာကို ချိန်ရွယ်လာသည်။ ထို့နောက် သူ့မျက်နှာပေါ်တည့်တည့် ထိုးစိုက်ချလာပေ၏။

ထိုအကြည့်နှင့် ထိုလှုပ်ရှားမှုထဲ တုံ့ဆိုင်းမှု တစ်စက်မှ မရှိ။ အသက်ကို ခြိမ်းခြောက်လာသော ထိုဟန်ပန်က ဂျပန်ကြီးအား ဝိညာဉ်လွှင့်စေတော့မတတ် လန့်သွားစေကာ ထိုနေရာတွင်သာ တောင့်တောင့်ကြီး ဖြစ်လျက် လုံးဝ မရွေ့လျားနိုင်ခဲ့။

ထိုသစ်သား ထိုးစိုက်လာခါနီးမှာမှ ယွယ်ယယ် အလန့်တကြား အော်ခေါ်လာ၏။

"ရွှီဟန်!!!!"

သတိစိတ်ပြန်ကပ်လာသည့်အလား ရွှီဟန်၏မျက်ဝန်းထဲ အသက်ပြန်ဝင်လာကာ လက်ကို အနည်းငယ်လှုပ်ရှားပြီး ထောင့်ကို အနည်းငယ်ချိုးလိုက်သည်။ ဂျပန်ကြီး၏ခေါင်းဘေးရှိ ရွှံထဲကိုသာ စိုက်ချလိုက်၏။

လူတစ်‌ေယာက်သေဖို့ တစ်လက်မအကွာအ‌ေဝးသာ လိုတော့သည်။

သို့သည့်တိုင် ထိုထိုးစိုက်ချက်က ဆံပင်အနည်းငယ်ကို ပြတ်တောက်သွားစေရာ ငရဲဘုံမှ ပြန်လာသည့်အလား ဂျပန်ကြီး ချွေးစို့သွား၏။ အဝတ်အစားများပင် ‌‌ေချွးဖြင့် စိုနေကာ မျက်နှာထက်တွင်လည်း ဂုဏ်မောက်ခြင်း မရှိတော့ဘဲ ကြောက်ရွံ့ခြင်းသာ ကျန်‌ေတာ့၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now