အပိုင်း - ၈၀

535 143 7
                                    

အပိုင်း - ၈၀

Triple update

မင်ခေတ်တွင် စာဆိုချွိယို့က မီးပန်းသဘင်ဟူသည့် ကဗျာအား ရေးသားခဲ့၏။

"ပန်းမွှားအနန္တ ငွေလမင်းနား ငွားငွားစွင့်စွင့် ပွင့်လန်းလာ၏။ ထိန်လင်းရောင်ဝါ မင်္ဂလာတိမ်လည်း ကျင့်ထိုင်အဝှမ်း လွှမ်းခြုံရစ်၏။ ရောင်စုံဖြာသည့် ကြယ်တာရာများ ရုတ်ချည်းဆန်စွာ ပြန့်ကြဲသွားကာ ဝသုန်မြေထက် သက်ဆင်းလာသည်။ ‌ထက်အာကာပြင် ဝေဟင်မှလည်း ပဇ္ဇုန်မိုးသံ သိမ့်သိမ့်ညံ၏။

ကျောက်စိမ်းခွက်အား ရိုက်ခွဲပစ်သော် မြူနှင်းရည်ကြည် (မက်မွန်ဖြူသေရည်) မှောက်လှန်သွားသည်။ ရွှေဘီး‌ေပါ်သို့ ရဲဝင့်ချီလျက် တက်လှမ်းသွား‌ေသာ် လျှပ်စီးပမာ မြန်စွာခွင်း၏။ ညဉ့်နက်လာသော် လူများကျဲကာ ရောင်စုံဖြာသည့် မီးအိမ်နှင့်အတူ ဆူညံသူများ ပြန်သွားကြ၏။ "

၎င်းမှာ ဗျူရိုမှူးအိမ်၏ မီးရှူးမီးပန်းအလှကို ဖော်ပြဖို့ သင့်လျော်လိုက်ဖက်မှု အရှိဆုံး စကားလုံးများပင်။

ညဉ့်ကောင်းကင်မှာ ‌ေနာက်ခံလိုက်ကာပမာ ကြယ်တာရာရောင်များဖြင့် လင်းလက်နေလို့။ ဧည့်သည်များအားလုံး ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ မီးရှူးမီးပန်းများ၏ အလှအား ရှုစားနေကြသည်။

ယွမ်ယယ်က ကုဖန်ဖေး၏ ခါးအား ဖက်ထားလျက် နားရွက်နားကပ်ကာ တိုးတိုးလေး ချစ်စကားပြောလာ၏။ ကုဖန်ဖေးလည်း အလွန်ပျော်နေကာ နှုတ်ခမ်းကို လက်ဖြင့်အုပ်ရင်း ရယ်မောပြုံးရွှင်နေသည်။

ထိုစဉ် ယွမ်ယယ် ဘေးပတ်ပတ်လည်အား ကြည့်ကာ မေးလာသည်။

"ဖေဖေ အဝတ်သွားလဲတာ ဘာလို့ အဲ့လောက်ထိ ကြာ‌ေနတာလဲ"

ယွမ်ဖူးရန် ကြားသောအခါ ပြန်ဖြေလာ၏။

"မင်းအဖေ မူးနေလို့လည်း နားနေတာလည်း ဖြစ်မှာပါ။ ကိစ္စမရှိဘူး၊ ဘိုးဘေးကန်တော့တဲ့အချိန်ကျမှ သွားခေါ်လိုက်မယ်"

ယွမ်ယယ် ခေါင်းညိတ်လိုက်ကာ ထိုင်ခုံပေါ်ထိုင်လျက် မီးရှူးမီးပန်းအလှအား ဆက်လက်ကြည့်ရှုနေ၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now