အပိုင်း - ၃၂
Triple update.
ဤမနက်အစောပိုင်း၏ သင်္ဘောဆိပ်ကမ်းမှာ ပါးစပ်အကျယ်ကြီးဟထားသော ငါးမန်းနှင့် ပမာတူနေသည်။
သင်္ဘောတစ်စင်းမှာ ဆိပ်ကမ်း၌ ဆိုက်ကပ်နေကာ အလုပ်သမားအချို့က ရွက်လွှင့်ရန် ပြင်ဆင်နေကြ၏။ သူတို့အားလုံး ညှိုးငယ်ထိုင်းမှိုင်းေနဟန်လည်း ရလို့။
ထိုစဉ် အဝေးမှပြေးလာေသာ နွားလှည်းတစ်စင်းက ဆိပ်ကမ်းနားသို့ ဖြည်းဖြည်းမှန်မှန် ချဉ်းကပ်လာသည်။ အနက်ရောင်ဝတ်ရုံ ခြုံလွှမ်းထားသော လူက နွားလှည်းပေါ်ရှိ လူအိုအား အမြန်ကြိုလင့်ကာ အချင်းချင်းကြည့်ပြီးနောက် ဖက်ငိုေနကြသည်။
ဝတ်ရုံအား ချွတ်လိုက်သောအခါ အထဲရှိလူမှာ လွမ်ရှောင်တယ် ဖြစ်ကြောင်း တွေ့ရ၏။
"ဗျပ်စောင်းကြိုးကို တွေ့လိုက်ကတည်းက ဖေဖေ သက်ရှိထင်ရှား ရှိနေသေးတယ်လို့ သမီးသိလိုက်တယ်။ နတ်ဘုရားတွေ ကူညီစောင်မတာပဲ။ ဒီအခက်အခဲကို သမီးတို့ ကျော်လွှားနိုင်ခဲ့ပြီ"
လူအိုကြီးလည်း မျက်ရည်ကျနေကာ နွားလှည်းပေါ်ရှိ လူဘက် လှည့်ပြီး ဒူးထောက်ထိုင်လိုက်သည်။
"ခင်ဗျားကိုလည်း တကယ်ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်။ ခင်ဗျားက သက်ရှိထင်ရှား ဘုရားလောင်းပါပဲ။ ကျုပ် သေပြီးလို့ သံသရာကျင်လည်ရင် နောင်ဘဝတစ်ေကွ့မှာ ခင်ဗျားအတွက် နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် ကျေးဇူးကြွေးလာဆပ်ပါ့မယ် "
နွားလှည်းပေါ်ရှိလူကမူ ထိုစကားေကြာင့် ပီတိသိမ့်ဖြာ လှုပ်ခါယိမ်းယိုင်သွားခြင်း မရှိပါ။ အတော်ကိုပင် အေးစက်လှသည်။
"သင်္ဘောပေါ် အမြန်တက်ပါ။ ဒီထက်နောက်ကျရင် ထွက်လို့မရဘဲ နေမယ်"
လွမ်ရှောင်တယ်ကမူ အနည်းငယ် စိတ်ပူေနခဲ့လျက်။
"ကျေးဇူးရှင်၊ စုံစမ်းထောက်လှမ်းသူတွေကို လှည့်စားဖို့ ရှင် ရထားလက်မှတ်ေတွ ဝယ်ခိုင်းထားတယ်။ ဒါပေမယ့် ဒီနည်းလမ်းက ကျွန်မတို့ကို ဟယ့်ကျိုးမြို့ကနေ ဘေးမသီရန်မခ ထွက်သွားစေနိုင်မှာ သေချာလားရှင် "
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)