အပိုင်း - ၄၇

784 165 9
                                    

အပိုင်း - ၄၇

ကျင်းယန့်ခန်းဆောင်ထဲရှိ မီးရောင်မှာ မိုး‌ေသာက်ယံထိတိုင် ထိန်လင်းနေဆဲ။

မျက်နှာသစ်ရေ ယူလာပေးရင်းနှင့်မှ ရွှီဟန်က စားပွဲနားထိုင်လျက် အိပ်ပျော်‌ေနခဲ့ကြောင်း ချန်ယီး တွေ့လိုက်ရသည်။ မနေ့က အဝတ်အစားကိုသာ ဝတ်ဆင်ထားကာ စားပွဲပေါ်ရှိ ဖယောင်းတိုင်သည်လည်း မီးစာကုန်နေပြီ။

"သခင်ကြီး"

တိုးတိုးလေးသာ ခေါ်လိုက်သော်ငြား ရွှီဟန် လန့်နိုးလာသည်။ သူ့လက်ကိုလည်း ရုတ်ချည်း မြှောက်လာကာ မျက်လုံးကို ပွတ်သပ်လိုက်ပြီးနောက် မေးလာ၏။

"ပြန်လာပြီလား"

"ဘယ်သူလဲရှင်? ဗိုလ်ချုပ်သွမ့်လား?"

ချန်ယီးက ရေဇလုံအား ချထားလိုက်ကာ ဖြေ၏။

"ဟင့်အင်း၊ သူ မနေ့ညကတည်းက ပြန်မလာခဲ့ဘူး"

ရွှီဟန် မော့ကြည့်လိုက်သောအခါ နေမြင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်ခုခုတော့ လွဲနေပြီဟု သိလိုက်သဖြင့် အပြင်သို့ ပြေးထွက်သွားရာ ချန်ယီးမှ လှမ်းပြီး အော်ခေါ်လိုက်၏။

"သခင်ကြီး မျက်နှာမသစ်ရသေးဘူးလေ။ ဘယ်သွားမလို့လဲ"

ထိုအော်သံက ရွှီဟန်၏ သတိစိတ်အား တကယ်ပြန်ခေါ်နိုင်လိုက်သည်။ ရွှီဟန် ပြန်လှည့်လာကာ အခန်းထဲ ပြေးဝင်သွားပြီး စင်ပေါ်က ဆေးအိတ်ကို ပိုက်ကာ အပြင်သို့ ပြေးထွက်သွား၏။ ချန်ယီး မည်သို့ပင် အော်ခေါ်နေပါစေ ၊ သူ ပြန်လှည့်မလာတော့ပါ‌။

ရွှီဟန်က လံချားတစ်စီး ငှားယူလိုက်ကာ ရှောင်ထုန်ကွမ်းသို့ သွားပို့စေသည်။ အစောင့်တပ်သားများကလည်း သူ့ကို ဝင်မတားကြ။ သွမ့်ယဲ့လင်၏ အိပ်ခန်းသို့ သူ တန်းတန်းမတ်မတ် သွားခဲ့ကာ တံခါးပင် မခေါက်အားဘဲ ဝင်သွားရန် ကြံလိုက်သည်။ သို့သော် တံခါးက သော့ခတ်ထားပေ၏။

သွမ့်ယဲ့လင်က သော့မခတ်တတ်ပါ‌ေချ။

ထို့ကြောင့် ရွှီဟန် တံခါးခေါက်လိုက်ရသည်။ အချိန်တစ်ခုစာ ခေါက်ပြီးခါမှ ကလစ်ခနဲ သော့ပွင့်သွကာ တံခါးချပ်ကလည်း ဖြည်းနှေးစွာ ပွင့်ဟလာသည်။ သွမ့်ယဲ့လင်က သေသပ်သားနားစွာ ဝတ်စားထားလို့။ ရွှီဟန်ကို မြင်သည်နှင့် သူ အံ့ဩသွားရ၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now