အပိုင်း - ၄၁

968 164 7
                                    

အပိုင်း - ၄၁

စစ်တပ်ဗျူရိုမှူး ဗိုလ်ချုပ်ယွမ်စန်း၏ ဇနီးမှာ ဟယ့်ကျိုးမြို့သူဖြစ်ကာ ဟယ့်ကျိုးမြို့တွင် စံအိမ်တစ်လုံး ပိုင်၏။

ထိုစဉ် စစ်တပ်ဗျူရိုမှူး၏ အိမ်တွင် ယွမ်ယယ်က ယွမ်စန်း၏ အိပ်ခန်းထဲ ဒေါကြီးမောကြီး ရောက်ချလာကာ တံခါးဖွင့်ပြီးပြီးချင်း တန်းမေးလာသည်။

"ဖေဖေ!!! ဘာလို့ အမှုပိတ်ခိုင်းလိုက်တာလဲ!!!"

ယွမ်စန်းမှာ ယခုမှ အိပ်ရာထခါစဖြစ်ကာ ကုတင်ပေါ် ထိုင်နေဆဲ။ ယွမ်ယယ်၏ ပုံစံကို မြင်တော့ မျက်နှာတည်ကြည်သွား၏။

"မင်း သိပ်ရိုင်းနေပြီ‌ေနာ်။ တံခါးခေါက်ရကောင်းမှန်းတောင် မသိ‌ေတာ့ဘူးလား"

ယွမ်ယယ်က ဖခင်ဖြစ်သူဆီ အလောတကြီးလျှောက်လှမ်းသွားကာ မေးလာသည်။

"အရင်တစ်ခါ ကျွန်တော် မေးတာကိုကျ ပြန်မ‌ေဖြဘဲ အခုကျမှ အမှုကို အမြန်လာပိတ်နေတယ်။ ဒီကိစ္စထဲမှာ ဖေဖေ ဘယ်လိုပတ်သက်နေလဲဆိုတာ ဖေဖေ ကျွန်တော့်ကို ပြောပြရမယ်"

"ရှောင်ယယ်!!!"

ယွမ်စန်းက သားဖြစ်သူအား စူးစူးဝါးဝါး စိုက်ကြည့်လာ၏။

"မင်းအဖေကို အပြစ်သားတစ်ယောက်လို လာစစ်မေးနေတာလားကွ"

ရေချိုးခန်းထဲရှိ ဗိုလ်ချုပ်ကတော်ယွမ်မှာ အငြင်းပွားသံများ ကြားလိုက်သဖြင့် လာရောက်ဖျန်ဖြေ‌ေပ၏။

"အိုက်ယား၊ အိုက်ယား။ ရှင်တို့နှစ်ယောက် ပြန်တွေ့ကြတာ ဘယ်လောက်မှ မကြာသေးတာကို ကျွန်မလို အမယ်အိုကြီး နှစ်နှစ်လောက် အသက်ရှည်ရှည် အေးအေးချမ်းချမ်းလေး ဆက်နေခွင့်တောင် မပေးနိုင်တော့ဘူးလား။ လောင်ယွမ်၊ ဒီကလေးကိုက အမြဲ စူးစမ်းစိတ်များပြီး မေးခွန်းတစ်ပုံတစ်ပင် မေးတတ်‌ေနကျပဲကို၊ ရှင့်မလည်း သူနဲ့ စကားအကောင်းကို မပြောဘူး။ မိသားစုဝင်ဆိုတာ အငြင်းမပွားရဘူး။ ပြောစရာရှိရင် ‌ပြေပြေလည်လည် ပြောကြ"

ထိုစကားကို ကြားတော့ ယွမ်စန်းလည်း အနည်းငယ် ပျော့ဆင်းသွားကာ ယွမ်ယယ်ဆီ လျှောက်လှမ်းလာပြီး ယွမ်ယယ်၏ပခုံးကို ပုတ်လိုက်သည်။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now