အပိုင်း - ၂၄
ထိုသင်္ချိုင်းမှာ ကျင်းဟုန်ချန်းတို့မိသားစု၏ သင်္ချိုင်းဖြစ်သည်။ လွန်ခဲ့သော လေးနှစ်တုန်းက ထိုသူတို့ကို ထိုနေရာတွင် မြှုပ်နှံခဲ့ရာ၊ ထိုသို့တွေးမိတော့မှ သူတို့ကို သူ သွားမကြည့်ခဲ့သည်ပင် လေးနှစ် ကြာခဲ့ေပပြီ။
ထိုသင်္ချိုင်းမှာ လှပသော ဥယျာဉ်ဝန်း၏ နက်ရှိုင်းသော တစ်နေရာတွင် တည်ရှိကာ သီးခြားဆန်ပြီး လူသူမရောက်နိုင်သော နေရာလည်း ဖြစ်သည်။
ရွှီဟန်က ခပ်ဝေးဝေးမှသာ အေးစက်တည်ကြည်စွာ ကြည့်လာ၏။ သူ့ခြေထောက် ညစ်ပတ်မည်ကို စိုးနေသည့်နှယ် ရှေ့သို့ တစ်လှမ်းသော်မှ မရွေ့။
"ဦးလေးရေ ၊ ဒီလောက်ေတာင် ကြာခဲ့ပြီဆိုေတာ့ ခင်ဗျား လူအဖြစ် ဘဝသစ်ပြန်စေနေလာက်ပြီလားလို့ ကျွန်တော် သိချင်မိတယ်"
ရွှီဟန် တစ်ယောက်တည် ဆက်လက်ရေရွတ်နေ၏။
"ဒါပေမယ့် ကျွန်တော်ေတာ့ ခင်ဗျားလိုလူက ငရဲထဲမှာပဲ ဆက်နေသင့်တယ်လို့ မြင်တယ်"
ရှောင်ထုန်ကွမ်းမှ ရွှီဟန် ထွက်လာသည့်နေ့မှာပင် ကျင်းဟုန်ချန်း သေဆုံး၏။
ထိုနေ့တုန်းက သွမ့်ယဲ့လင်မှာ ရွှီဟန်အား အရက်နှစ်ခွက် ပေးကာ ပြောလာသည်။
"ဒီထဲကတစ်ခုမှာ မင်းကို ဆက်ရှင်စေမယ့်အရက် ပါတယ်။ ကျန်တစ်ခုမှာ သေစေမယ့်အရက် ပါတယ်။ ငါ လိုချင်တောင့်တတဲ့ လူကို တခြားယောက်ျားရှေ့ ကိုယ်ထင်သွားပြခွင့် မပေးနိုင်ဘူး။ အဲ့တော့ မင်း ငါ့ကို ရွေးရင်ရွေး၊ မေရွးချင်ရင် အေးရာအေးကြောင်းကိုပဲ ရွေးလိုက်တော့"
ထိုရွေးချယ်မှုများ လာပေးနေစရာ မလိုပါဟု ရွှီဟန် မြင်၏။ တစ်ဖက်လူမှာ ကျင်းဟုန်ချန်းလိုပင် ဓားပြေကာင်ကြီးလုပ်ကာ သူ့အတောင်ပံကို ဖြတ်တောက်ပြီး သူ့အား မလွတ်မြောက်အောင် ချုပ်နှောင်ဖမ်းဆီးထားနိုင်၏။ သို့သော် ထိုသူက ဤကိစ္စများထိပါ တကူးတက အပင်ပန်းခံပြီး လျှောက်လုပ်နေသေးသည်။
ကြည့်ရသည်မှာ ထိုသူက "ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရွေးချယ်ခြင်း" မျိုး ပေးခဲ့ဖူးပါသည်ဟု စိတ်ပြေရာပြေကြောင်း လုပ်နေသည့်ဟန်။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomansaTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)