အပိုင်း - ၂၉
Double update.
ရှောင်ထုန်ကွမ်းရှိ စစ်ဘက်ဆိုင်ရာ မှုခင်းဆရာဝန်များအားလုံးက ကနဦးစစ်ဆေးတွေ့ရှိချက်ရလဒ်အား အမြန်တင်သွင်းလာကြသည်။ အစီရင်ခံစာ လက်ခံရရှိပြီးသည့်နောက် ဒေါက်တာချန်ရှန်းက သွမ့်ယဲ့လင်နှင့် သွားတွေ့၏။
သွမ့်ယဲ့လင်က စာရွက်အချို့ လှန်လှောဖတ်ရှုလိုက်ကာ ပြောလာသည်။
"ပြောပါ"
ချန်ရှန်းမှ ဆို၏။
"ပြဒါးဆိပ်သင့်တာပါ"
"ပြဒါး?"
ချန်ရှန်းမှာ အိုမင်းသော သုတေသီတစ်ဦးနှယ် ပြောလာသည်။
"သူ့အလောင်းက တချို့နေရာ ကွက်နီပြီး ဖောင်းအိေနပါတယ်၊ သွေးထွက်တာလည်း လွယ်ပါတယ်။ ပါးစောင်အတွင်းသားက နီညိုရောင်ဖြစ်ေနပြီး ယေင်ယမ်းနေတဲ့ သွားဖုံးမှာလည်း ပြဒါးအစင်းရာတချို့ တွေ့ပါတယ်။ ခံတွင်းသားနဲ့ လျှာကလည်း ယောင်ယမ်းဖောင်းကားပြီး အတော်ဆိုးဆိုးကိုပဲ ပေါက်ပြဲနေပါတယ်။ ကနဦးစစ်ဆေးချက်အရ မသေဆုံးခင် ပြဒါးပမာဏ မြောက်များစွာ သုံးဆောင်ခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်"
"သွေးထွက်လွန်လို့ သေတာ မဟုတ်ဘူးလား"
"သေဆုံးစေတဲ့ အကြောင်းရင်းက သွေးအလွန်အကျွံဆုံးရှုံးမှုဆိုတာ မှန်ပေမယ့် ပြဒါးဆိပ်သင့်တာလည်း ပါပါတယ်ခင်ဗျာ"ထိုစကားကို ကြားတော့ ယွမ်ယယ်က မှတ်စုကို လှန်ေလှာလိုက်ကာ မေးလာသည်။
"ဒီအဆိပ်မျိုးသင့်ရင် လက္ခဏာ ဘယ်လိုပြတတ်သလဲ"
"ပြဒါးဆိပ်က ကျောက်ကပ်ကို ပုပ်ဆွေးစေပြီး အာရုံကြောဆိုင်ရာလက္ခဏာတွေလည်း ပြသေစနိုင်ပါတယ်။ ခေါင်းမူးတာ၊ နွမ်းနယ်တာ၊ ငိုက်မြည်းတာ၊ ဒါမှမဟုတ် ထိတ်ပျာတတ်တာ၊ အင်မတန်ကိုမှ အားနည်းချည့်နဲ့တာတို့ အပါအဝင်ပါ။ ဆိုးရွားလွန်းတဲ့ တချို့ဖြစ်ရပ်မှာဆို မေ့မြောတာနဲ့ သတိလစ်ပြီး သေတာမျိုး ဖြစ်တတ်ပါတယ် "
"မေ့မြောတာနဲ့ သတိလစ်ပြီး သေသွားနိုင်တာ.... ဟုတ်သား"
ယွမ်ယယ် ပြန်အမှတ်ရသွား၏။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)