အပိုင်း - ၃၃
မိုးသောက်ပြန်ပြီ။ ယခုတလော ရာသီဥတု နွေးထွေးလာပြီမို့ လူအတော်များများလည်း စောစော အိပ်ရာထကြ၏။
ချန်ယီးက ရွှီဟန်၏ ထူထဲသော အဝတ်အစားများအား နေလှန်းပြီး သိမ်းထားဖို့ ယနေ့၏ နေရောင်ခြည်ကို အမြတ်ထုတ်ရန် ကြံနေသည်။ အောင့်သိုးသိုးအနံ့များ ကင်းစက်အောင် နွေဦးရာသီ၌ဝတ်မည့် အဝတ်များကိုလည်း ထုတ်လှန်းေန၏။
သူမ အလုပ်ရှုပ်နေစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံအချို့ ကြားလိုက်ရသည်။ ထိုအသံက ခြံထဲဆင်းကာ ပန်းပင်ရေလောင်းနေသည့် ရွှီဟန်ကိုပင် လန့်သွားစေ၏။
တံခါးနားရပ်ကာ စောင်းငဲ့ပြီး ကြည့်လိုက်သောအခါ စစ်သားတစ်ဖွဲ့ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤစစ်သားများ၏ ယူနီဖောင်းများအရ ကျိန်းသေပေါက် ဟယ့်ကျိုးမြို့၏စစ်သားများ မဖြစ်နိုင်ပါ။ ထိုစစ်သားများမှယ ကားတစ်စီးကို ခြံရံကာ ၎င်းကို လုံခြုံအောင် ကာကွယ်ေပးရင်း ရှေ့သို့ ဖြည်းဖြည်းမှန်မှန် ချီတက်နေကြသည်။ ထို့အပြင် ထိုတပ်ဖွဲ့၏ခေါင်းဆောင်မှာ မြင်းစီးနေသောလူ ဖြစ်ဟန်ရကာ ရာထူးတံဆိပ်အရ ဗိုလ်ချုပ်အဆင့် ဖြစ်မည်။ ထို့ကြောင့် လမ်းတစ်လျှောက်ရှိ လူများကို အာရုံတိမ်းညွှတ်ေအာင် လုပ်နိုင်ခဲ့လို့။
ထိုမျက်နှာကို မြင်သောအခါ ရွှီဟန် မျက်မှောင်ကြုတ်သွား၏။
သွမ့်ကျန့်ကျိုး...
သူ ဘာလို့ ဒီရောက်နေတာလဲ...
သွမ့်ကျန့်ကျိုးဆိုသည်မှာ သွမ့်ယဲ့လင်၏ ညီဝမ်းကွဲဖြစ်ကာ ယခု လျန်ချန်မြို့၌ ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ၏။ ရွှီဟန်က ဤသွမ့်ကျန့်ကျိုးနှင့် နှစ်ကြိမ် ဆုံဖူးသည်။ ထိုယောက်ျားမှာ အထက်တန်းလွှာမိသားစုမှ အလိုလိုက်ခံ သခင်လေးဖြစ်ကာ စစ်ပွဲထဲ ရန်သူများအား နှိမ်နင်းရခြင်း၌ သိပ်ပြီး စိတ်မဝင်စား။ ခေါင်းမာသည်၊ ဒေါသကြီးသည်၊ ဆိုဆုံးမရခက်သည်။ တပါးသူ၏ ခံစားချက်အား မထောက်ထားဘဲ စိတ်ထင်ရာစိုင်း ပြုမူတတ်သည်။ ထို့ကြောင့် သူ့ကို ရွှီဟန် သိပ်ပြီး မနှစ်မြို့။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomansaTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)