အပိုင်း - ၃၄
ထိုလူစုက အတော်ဆူညံသောကြောင့် သွမ့်ကျန့်ကျိုးနှင့် သူ့အဖွဲ့အား ချီယွမ်ဥယျာဉ်၏ အစွန်ဆုံးနေရာတွင် အခန်းစီစဉ်ပေးလိုက်သည်။ သို့သော် နှစ်ရက်သုံးရက်မျှသာ တည်းမည်မို့ သွမ့်ကျန့်ကျိုးလည်း သိပ်မမှု။
ရေမိုးချိုးပြီးသည့်နောက် ရွှီဟန်က ဒဏ်ရာရထားသော လူငယ်အား အမှတ်ရသွားသဖြင့် ဒဏ်ကြေဆေးယူပြီး သွားပေးရန်ကြံသည်။
ရွှီဟန်မှာ စိုးထိတ်မှုကြား အလောတကြီးနှင့် စိတ်ရင်းစေတနာ ပြတတ်သော လူစားဖြစ်သည်။ အကယ်၍များ အချိန်နောက်ပြန်ရစ်၍ ဤလုပ်ရပ်ကို နောက်တစ်ခါပြန်လုပ်ရကြေးဆိုလျှင် သူ ဤမျှထိ စေတနာမထက်သန်လောက်တော့ပါ။
ထိုကောင်လေး၏ အခန်းသို့ သွားရန် ပြတင်းပေါက်နား ဖြတ်လှမ်းအသွား ၊ ထူးဆန်းသော်ငြား ရင်းနှီးသော အသံတစ်ခုကို ရွှီဟန် ကြားလိုက်ရ၏။
ချုပ်တည်းထားသော၊ မပီဝိုးတဝါးဖြစ်သော ၊ စေးကပ်ကပ် ညစ်ထေးထေးနှင့် အသားချင်း တဖတ်ဖတ်ရိုက်ခတ်သော၊ စားပွဲထိုင်ခုံ တကျွိကျွိ လှုပ်ယမ်းသွားသော၊ အဝတ်ချင်း တရှပ်ရှပ် ပွတ်တိုက်သွားသော အသံများ ။
ညဉ့်နက်ကာ တိတ်ဆိတ်လွန်းနေသည်။ ထိုအသံမျိုး ကြားအပြီး မတော်တရော် ထင်မြင်ချက်များ မပေါက်ဖွားဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
တိုက်ဆိုင်စွာပင် ထိုကောင်လေး၏ အခန်းတံခါးက သေချာပိတ်မနေဘဲ အနည်းငယ်ဟနေ၏။ ရွှီဟန် ခေတ္တမျှ တုံ့ဆိုင်းသွားကာ တိတ်ဆိတ်စွာကင် လျှောက်လှမ်းဝင်ရောက်သွားသည်။ ထို့နောက် အမြန် ဝေ့ကြည့်လိုက်သောအခါ မျက်စိသူငယ်အိမ်များ ချက်ချင်း သေးငယ်သွားရ၏။
ထိုလူငယ်လေးမှာ အခန်းထဲရှိ စားပွဲပေါ်လှဲကာ အပွင့်အခက်အနက်ရောင်များရှိသည့် စားပွဲခင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ပါးစပ်ကလည်း အဝတ်အစားများကို ကိုက်ထား၏။ သူ့အနောက်ဘက်တွင် သွမ့်ကျန့်ကျိုးရှိကာ အကြင်သူနှစ်ယောက်မှာ ခန္ဓာချင်း ဂဟေဆက်နေသော တိရစ္ဆာန်များပမာ။ ထိုေဆာင့်အားက စားပွဲပေါ်ရှိ မီးအိမ်၏ မီးေတာက်အား တလှုပ်လှုပ် တောက်လောင်စေကာ နံရံပေါ်ရှိ သူတို့၏ အရိပ်များကိုလည်း တလှုပ်လှုပ် ဖြစ်နေစေသည်။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)