အပိုင်း - ၅၂
Double update.
ယာဉ်မေတာ်တဆဖြစ်မှုမှ လွတ်မြောက်လာသူများမှာ ယာဉ်မေတာ်တဆဖြစ်မှု မဖြစ်ပွားခင် စက္ကန့်ပိုင်းအလို၌ မည်သို့မည်ပုံဖြစ်သွားမှန်း ပြန်အောက်မေ့နိုင်ကြသည်ဟု ဆိုကြသည်။ သို့သော် တကယ်ကြုံေတွ့ဖူးကြသူများသာလျှင် အရာရာတိုင်းက လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် ဘာမှမှတ်မိချိန် မရကြောင်း သိရလိမ့်မည်။
ဒုန်းခနဲ မြည်သွားသော ကျယ်လောင်လှသည့် အသံနှင့်အတူ ရွှီဟန် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ထိုကားက အကြိမ်များစွာ လိမ့်သွားပြီး လမ်းဘေးရှိ စမ်းချောင်းတစ်ခုထဲ ထိုးကျသွားေကြာင်း တွေ့ရ၏။ သူကိုယ်တိုင်ကမူ ကားထဲမှ အရင်လွင့်ထွက်လာရာ ချောင်းထဲ ပြုတ်ကျေနသည်။
သူ ရှိုက်ထုတ်လိုက်သော ပထမဆုံးထွက်သက်ထဲ သွေး၊ ရွှံ့ဝါနှင့် ရေတို့ ပါသည်။ စိတ်တည်ငြိမ်ေစရန် ရွှီဟန် မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူ့ဘေးနား ဘာများဖြစ်ေနကြောင်း ရှင်းလင်းပြတ်သားစွာ လေ့လာရန် မျက်လုံးနောက်တစ်ခေါက် ဖွင့်လိုက်၏။
သူ့ကိုယ်သူ ထိကြည့်လိုက်ရာ ခေါင်းပေါ်တွင် ခြစ်ရာနှစ်ချက်နှင့် ကိုယ်ပေါ်တွင် ဒဏ်ရာသေးသေးလေးများ ရထား၏။ ထိုဒဏ်ရာများမှ သွေးစိမ့်ထွက်လာကာ အတော်လေးလည်း လတ်ဆတ်နေဆဲ။
ကားမှာမူ မှောက်လဲနေပြီဖြစ်ကာ ဘီးများကမူ လေထဲ အရှိန်နှင့် လည်နေလျက်သား။ ကားမောင်းသူမှာ ပုံစံပျက်ယွင်းနေသော ကားထဲ ပိတ်မိေနကာ ခန္ဓာကိုယ်ကလည်း လိမ်ဖယ်နေလျက် အသက်ရှိဟန် မရတော့။
တစ်ခဏအတွင်းမှာပင် ယင်နှင့်ယန် ကမ္ဘာချင်း မတူကြတော့ပါ။
(t/n: ယင်ကမ္ဘာက လူသေတွေရဲ့ ကမ္ဘာ၊ ယန်ကမ္ဘာက လူအရှင်တွေရဲ့ ကမ္ဘာပါ။ တစ်ခဏအတွင်းမှာပဲ ဒရိုင်ဘာက သေသွားပြီး သူက ရှင်နေတုန်းပဲလို့ ဆိုလိုတာပါ )
ရွှီဟန်သာ ကားတံခါးကို ဆောင့်မကန်ဘဲ ကားမှောက်ချိန်၌ ခုန်ထွက်မလာပါလျှင် သူသည်လည်း သေမင်းနှင့် သွားတွေ့နေရလောက်ပြီဖြစ်၏။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)