အပိုင်း - ၃၆
Double update.
ယခုရက်ပိုင်း အကိုက်အခဲပျောက်ဆေးနှင့် ဒဏ်ကြေဆေးတို့မှာ ဟယ့်မင်ဆေးခန်း၏ အရောင်းအသွက်ဆုံးသော ဆေးများဖြစ်ကာ ယခုရက်ပိုင်း ဘာကြောင့်များ ခြေကျိုးလက်ကျိုးသော လူနာ ပိုများလာပါသနည်းဟု သမားေတာ်ဟူသည်ပင် ညည်းနေသည်။
သေချာမေးမြန်းကြည့်ခါမှ မြို့ထဲက လူကြိုက်များနေသော အတိုက်အခိုက်ပြိုင်ပွဲကြောင့်ဟု သိလိုက်ရသည်။
ကြိုးဝိုင်းထဲ တိုက်ခိုက်ယှဥ်ပြိုင်ကြခြင်းဖြစ်ကာ သိုင်းပညာပြိုင်ပွဲလည်း ဆိုနိုင်၏။ သို့သော် အဆင့်အတန်း အမျိုးမျိုး ရှိသေးကာ အကောင်းဆုံးသော ပွဲစဉ်များကို အတော်ဆုံးသိုင်းပညာသင်ကျောင်းမှ ထိပ်တန်းပညာရှင်များကိုယ်တိုင် စိန်ခေါ်မှုလက်ခံကြသည်။ လူအများရှေ့တွင် တိုက်ခိုက်ကြရုံသာဖြစ်ပြီး လူ့အသက်ကိုတော့ မထိပါးကြပါ။ အလယ်အလတ်တန်းစားကမူ တစ်ဆင့် နိမ့်ပါးကာ ဖွင့်လှစ်ခါစ သိုင်းပညာသင်ကျောင်းများမှ ကျင်းပကြ၏။ ဂုဏ်သတင်းနှင့် ကျော်ကြားမှုအတွက် ကျင်းပကြခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာမှု ရမည်မှာ မထူးဆန်းပါ။
အဆိုးဆုံးက အနက်ရောင်ကြိုးဝိုင်းဖြစ်ကာ စာရင်းပေးသွင်းသည်နှင့် မည်သူမဆို ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြသည်။ ဤသို့သော ယှဉ်ပြိုင်မှုမျိုးမှာ လောင်းကစားရုံနှင့် ဆက်စပ်တတ်ကာ လူ့အသက်ကို လောင်းကြေးထပ်ပြီး ကစားတတ်ကြ၏။ ထို့ကြောင့် ဤကြိုးဝိုင်းထဲ ဝင်လာမည့် လူအများစုမှာ သေရေးရှင်ရေး စာချုပ်များချုပ်ဆိုခြင်းဖြင့် သူတို့ကိုယ်သူတို့ တာဝန်ယူကြောင်း ပြသရသည် ။
ဤကိစ္စရပ်ထဲ အဓိပ္ပာယ်တစ်ပြားမှ မပါသော်ငြား လူအများကလည်း စောဒကမတက်၊ အစိုးရကလည်း ဝင်မနှောင့်ယှက်။ ထို့ကြောင့် ထိုအတိုင်း ခပ်မှိုင်းမှိုင်းနယ်မြေဆန်ဆန်သာ ဆက်လက်တည်ရှိကြသည်။
တစ်နေ့သ၌ ရွှီဟန် ဆေးခန်းထိုင်နေစဉ် ယွမ်ယယ် အပြေးရောက်လာကာ ရွှီဟန်၏လက်ကို ကိုင်ဆွဲပြီး အမောတကော ခေါ်ထုတ်သွား၏။
"မြန်မြန်!!! လူ့အသက်ကယ်ဖို့ လိုက်လာခဲ့!!!"
ရွှီဟန် ဘာမှ မတုံ့ပြန်နိုင်ခင် ယွမ်ယယ်က သူ့ကို အနက်ရောင်ကြိုးဝိုင်းတစ်ခုဆီ ခေါ်သွားသည်။ ဤနေရာမှာ စွန့်ပစ်ခံစိုလှောင်ရုံဖြစ်ကာ အမိုးလည်းစုတ်ပြီး အောက်ကလည်း ဝါညစ်ညစ်ရွှံ့မြေများ ပြည့်နေ၏။ လေထုကလည်း မွန်းကျပ်ကာ ညစ်ပတ်နေလှသည်။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)