အပိုင်း - ၇၄

659 153 6
                                    


အပိုင်း - ၇၄

ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ တစ်လှည့်စီဖြစ်ပွားတတ်ကြသည်ဟု လူအများ ‌ေပြာလေ့ရှိကြ၏။ ထိုစကားမှာ မှန်သင့်သလောက်တော့ မှန်ပါသည်။

သွမ့်ယဲ့လင်မှာ ရှောင်ထုန်ကွမ်းရုံးခန်းထဲ လာထိုင်လိုက်ရုံသာ ရှိသေး၊ လက်အောက်ငယ်သားတစ်ယောက်က အပြေးရောက်လာပြီး ဗျူရိုမှူး၏အိမ်၌ လူသတ်မှုဖြစ်ပွားကြောင်း လာရောက်အကြောင်းကြား၏။

ထိုသတင်းက သွမ့်ယဲ့လင်အား အံ့ဩမသွားစေပါ။ သို့သော် ယနေ့မနက်၌ ယွမ်စန်းက အရေးကြီးကိစ္စတစ်ခုကြောင့် လင်ရှန့်သို့ ခရီးသွားနေသဖြင့် ထိုသတင်းက ရှောင်ထုန်ကွမ်းဆီ ရောက်လာခြင်းပင်။

အိမ်တော်ထိန်းအိုတစ်ယောက် သေဆုံးသည့်ကိစ္စကို မည်သူကမှ အရေးတယူ မရှိကြပါ။ သို့သော် ထိုသူ၏ ရင်ဘတ်ပေါ် ရွှေဆံထိုးတစ်‌ေချာင်း ထိုးစိုက်ဝင်‌ေနသည်ဟု ကြားသည်နှင့် ဤကိစ္စမှာ စိတ်ဝင်စားစရာ အတော်ကောင်းသွား၏။

သွမ့်ယဲ့လင်လည်း လက်အောက်ငယ်သားအချို့ကို ဦးဆောင်ကာ ဗျူရိုမှူးအိမ်သို့ အမြန်သွားလိုက်သည်။ ယွမ်ယယ်မှာ သူ့လူများဖြင့် အမှုကို စစ်ဆေးနေဆဲဖြစ်ကာ အခင်းဖြစ်ပွားသောနေရာ၌ မုဆိုးဒူးထောက်ထိုင်လျက် သေသေချာချာ အကဲခတ်‌ေလ့လာနေ၏။

လောင်ယန်၏ အလောင်းကို ယနေ့မနက်စောစော ‌ေနာက်ဖေးတံခါးသွားဖွင့်ရန် လုပ်သည့် အစေခံမလေး မြင်သွားခြင်းဖြစ်သည်။ ရွှေဆံထိုးကို မြင်သောအခါ ယွမ်ယယ်လည်း အင်မတန်မှ ထိတ်လန့်သွားကာ သူ့အခန်းသို့ အမြန်ပြန်သွား၏။ သို့သော် ယွမ်သခင်မကြီး ပေးထားသော လက်ဆောင်မှာ သေတ္တာထဲ၌ ရှိနေဆဲသာ ။

သွမ့်ယဲ့လင် ရောက်မလာခင်အထိ ထို‌ဆံထိုးနှစ်ချောင်းကို သူ နှိုင်းယှဉ်ကြည့်ခဲ့သည်။ တကယ်လည်း အနုစိတ်လက်ရာများ အတော်ဆင်တူကြောင်း တွေ့လိုက်ရ၏။ သို့သော် လောင်ယန်ကို သတ်ဖို့ သုံးလိုက်သည့် ဆံထိုးက မြို့ဝန်မင်းကို သတ်ခဲ့သည့်တစ်ခုနှင့် တူကာ ယွမ်သခင်မကြီးပေးထားသော တစ်ခုထက် လက်ရာပိုကြမ်းပြီး အနုစိတ်မကျပါ။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now