အပိုင်း - ၇၅

780 164 5
                                    

အပိုင်း - ၇၅

Double update.

ယွမ်သခင်မကြီး ရောက်လာကာထင်းသိမ်းခန်းထဲက ကြေကွဲစရာဖြစ်ရပ်ကို မြင်သောအခါ သူမ၏ ကရုဏာပြည့်ဝသော မျက်နှာမှာ အနည်းငယ်တော့ ပျက်ယွင်းသွား၏။ သူမ၏လက်ထဲရှိ ပုတီးစေ့ကို အကြိမ်အနည်းငယ်စိပ်ကာ တစ်စုံတစ်ခုကို ရေရွတ်လျက် ရှေ့သို့ လျှောက်လှမ်းလာ၏။

"မနက်အစောကြီးပဲ ရှိပါသေးတယ်၊ ဗိုလ်ချုပ်သွမ့်။ ကျွန်မတို့ ယွမ်အိမ်ရဲ့ ရယ်စရာကိစ္စကို ပြသမိတာ တောင်းပန်ပါတယ်။ အစေခံတစ်ယောက်ရဲ့ ရန်ငြိုးကိစ္စပဲမို့ မစိုးရိမ်လိုက်ပါနဲ့။ လက်ဖက်ရည်သုံးဆောင်ဖို့ ရှေ့ဧည့်ခန်းမကို ကြွပါရှင်"

သွမ့်ယဲ့လင်နှင့် ချောင်စုန်းတို့ တစ်‌ေယာက်ကိုတစ်‌ေယာက် ကြည့်လာကြသည်။ ယွမ်အိမ်၏ သခင်မကြီးမှာ သူတို့ကို ဤနေရာမှ ထွက်သွားရန် ပြောလိုက်ခြင်းပါပင်။ သို့သော် ဤအမှုကို သွမ့်ယဲ့လင် လွှတ်မထားနိုင်ပါ။

"ဖော်ရွေလွန်းနေပါပြီ၊ သခင်မကြီး။ အခုအချိန်က လူ့အသက်နဲ့ဆိုင်တဲ့ကိစ္စ ဖြစ်ပွားနေတာမို့ လက်ဖက်ရည်သောက်ရမယ့်အချိန် မဟုတ်သေးပါဘူး"

သွမ့်ယဲ့လင်မှ ပြောင်ပြောင်ရှင်းရှင်းပင် ငြင်းလိုက်သည်။

ထိုအခြင်းအရာကို တွေ့တော့ ယွမ်ယယ်လည်း ဝင်ပြောလာ၏။

"ဖွားဖွား၊ ဒီကို လာဖို့ ကျွန်တော်ကပဲ ဗိုလ်ချုပ်သွမ့်ကို ခေါ်လိုက်တာပါ..."

"အပိုတွေ!!!"

ယွမ်သခင်မကြီးမှာ အင်မတန်မှ စိတ်တိုသွားကာ ယွမ်ယယ်အား ဩဝါဒစကား စခြွေတော့၏။

"လက်ထပ်တော့မှာကို မင်း သိပ်ပေါ့ဆလွန်းတယ်။ မကောင်းကြံချင်တဲ့စိတ်နဲ့ ဒီကိစ္စကို တစ်ယောက်ယောက်ကများ ဖွလိုက်ရင် ယွမ်အိမ်ကို ဒုက္ခရောက်စေလိမ့်မယ်။ အဘွားပြောတာ နားလည်လား"

ယွမ်အိမ်မှ သခင်မကြီးမှာ ငယ်ရွယ်နုပျိုစဉ်တုန်းကလည်း အင်မတန်မှ ဩဇာညောင်းသော လူတစ်ယောက် ဖြစ်ခဲ့သည်ဟု ဆိုကြ၏။ သူမ၏ခင်ပွန်းသည် ဆုံးပါးပြီးသောအခါ မိန်းမဆန်ဆန် ဇာကွပ်အနားသတ်များကို စွန့်ပယ်ကာ ရဲဒင်းကိုင်စွဲလျက် မိသားစုရှေ့မှရပ်ပြီး မြို့ထဲကျူးကျော်လာသော ဂျပန်နယ်ချဲ့များကို မားမားမတ်မတ် ရင်ဆိုင်ခဲ့သည်။ ထိုအမျိုးသမီးမှာ ဇ,ရှိလှသော အမျိုးသမီးပင် ဖြစ်၏။ အိုမင်းကာ အသက်ခုနစ်ဆယ်ကျော်အရွယ် ရောက်နေပြီဖြစ်သည့်တိုင် သူမ၏ အရှိန်အဝါကြီးမှုအား ခံစား၍ ရနေဆဲ။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now