အပိုင်း - ၂၈

1K 199 12
                                    

အပိုင်း - ၂၈

သူမ မရှိတော့လျှင် ထွက်ပြေးသွားသည်ဆိုသည့် အဓိပ္ပာယ်ပင်။ ထွက်ပြေးသွားသည်ဆိုလျှင် အပြစ်ခံယူရမည်ကို စိုး၍ ထွက်ပြေးခြင်း ဖြစ်ကာ၊ အပြစ်ခံယူရမည်ကို စိုးလျှင် လူသတ်တရားခံ ဖြစ်ရမည်။

စစ်ဆေးရေးအရာရှိနှင့် တွေ့လျှင် အမှန်တရား ဖော်ထုတ်ခံရလိမ့်မည်။

သွမ့်ယဲ့လင် မျက်မှောင်ကြုတ်သွားကာ ယွမ်ယယ်အား မေးကြည့်လိုက်၏။

"မင်းလည်း ပြောကြည့်ကြည့်"

ယွမ်ယယ်က သူ၏ မှတ်စုစာအုပ်ငယ်ကို ဖွင့်ကာ ဟိုဟိုဒီဒီ အနည်းငယ်ခြစ်ရင်း မျက်မှောင်ကြုတ်‌ေနသည်။ ထို့နောက် အစီအစဉ်တကျ ပြောလာ၏။

"ဒီထဲကို ဝင်လာတော့ ကျွန်တော် အိမ်တော်ထိန်းနဲ့ အစေခံတွေဆီကနေ စစ်ဆေးမေးမြန်းကြည့်ပါသေးတယ်။ အကြမ်းဖျင်းကတော့ ဒီလိုပါ။ မနေ့ည မြို့ဝန်မင်းရဲ့အခန်းထဲ လက်ဖက်ရည်လာပို့တဲ့ နောက်ဆုံးလူက ချွန်းရှင့်ဆိုတဲ့ အစေခံမလေး ဖြစ်ပါတယ်။ သူပြောတာ မနေ့ည ရှစ်နာရီခွဲအထိ လွမ်ရှောင်တယ်က မြို့ဝန်မင်းအတွက်  ဗျပ်စောင်းတီးခတ်ပြနေသေးပါတယ်တဲ့။ ကိုးနာရီခွဲရောက်တော့ မြို့ဝန်မင်းဆီ သူ စိတ်ငြိမ်စေတဲ့ အမွှေးနံ့သာ ထပ်ယူသွားပေးတာ လွမ်ရှောင်တယ်က တံခါးအပြင်ဘက်ကနေ ကြိုတားထားတယ်။ မြို့ဝန်မင်း အိပ်ပျော်သွားပြီမလို့ မလိုတော့ပါဘူးတဲ့။ နောက်ဖေးခြံဝန်းက အစေခံတစ်ယောက်ကလည်း ညပိုင်း သူ အပေါ့အပါးထသွားတော့ မြို့ဝန်မင်းရဲ့အခန်းကနေ ဗျပ်စောင်းတီးခတ်သံ ကြားနေရဆဲပဲတဲ့။ အဲ့အချိန်က ကိုးနာရီလောက် ရှိပါပြီလို့ ပြောတယ်။ ဒီအတိုင်း တွက်မယ်ဆိုရင် ညကိုးနာရီနဲ့ ကိုးနာရီခွဲကြား မြို့ဝန်မင်းအပေါ် အန္တရာယ်ကျ‌ေရာက်နိုင်ခြေ များပါတယ် "

ချောင်စုန်း ဖြတ်ပြောလာ၏။

"အစေခံမလေးကတော့ ထားလိုက်ပါတော့။ ခန်းမကြီးကို ဖြတ်သွားရင် နာရီကို မြင်နိုင်တာမို့လို့။ ဒါပေမယ့် နောက်ဖေးခြံဝန်းက အစေခံကရော အချိန်အတိအကျ ဘယ်လို သိတာလဲ"

"သူ နေ့တိုင်းနေ့တိုင်း အဲ့အချိန် အပေါ့အပါး ထသွားလေ့ရှိလို့ပါတဲ့။ အကျင့်ဖြစ်နေတာမျိုးပါ။ သူ့အခန်းဖော်ကို မေးကြည့်တော့ တကယ်ဟုတ်မှန်ပါတယ်တဲ့ခင်ဗျာ "

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now