အပိုင်း - ၃၉

1K 171 10
                                    

အပိုင်း - ၃၉

Double update.

ရှောင်ထုန်ကွမ်း၏ ဓာတ်ခွဲခန်းတွင် မှုခင်းသိပ္ပံပညာရှင်များ ပျားပန်းခတ်တမျှ ဝင်ထွက်သွားလာနေကြသည်။

နာရီအနည်းငယ်အကြာ ချန်ရှန်းက အစီရင်ခံစာတစ်ခု ယူလာ၏ ယွမ်ယယ် အမြန်ထလိုက်ကာ ချန်ရှန်းဘက်မှ ခိုင်ခိုင်မာမာ ပြောလာသည်ကို နားထောင်ဖြစ်သည်။

"ခင်ဗျားပြောတာ မှန်ပါတယ်။ လွမ်ရှောင်တယ်ရဲ့အခန်းထဲက လက်သည်းနီဆိုး‌ေဆးမှာ ဟင်္သာပြဒါးများစွာ ပါဝင်ပါတယ်။ ဒီလက်သည်းနီဆိုး‌ေဆးကို ဟင်္သာပြဒါးနဲ့ လုပ်ထားတယ်လို့တောင် ပြောနိုင်ပါတယ် "

"နောက်ဆုံးတော့ ခက်ခဲတဲ့ပုစ္ဆာတစ်ခု ဖြေရှင်းနိုင်ခဲ့ပြီ"

စားသောက်ဆိုင်မှသည် မြို့ဝန်မင်းအိမ်၊ ထိုနေရာမှသည် ရှောင်ထုန်ကွမ်း။ ယွမ်ယယ် ဆွဲခေါ်သမျှ လိုက်ပါလာသော ကုဖန်ဖေးလည်း နောက်ဆုံးတော့ နားလည်သွား၏။

"အာ၊ ရှင် ဒီလောက်လောနေတာ မြို့ဝန်မင်းကို ဘယ်လိုဘယ်ပုံ အဆိပ်ခတ်လိုက်သလဲလို့ ခန့်မှန်းနိုင်လိုက်လို့ပေါ့"

"အင်း။ လွမ်ရှောင်တယ်ကသာ သူ့လက်နဲ့ တစ်ခုခုလုပ်ချင်ရင် စောင့်ကြည့်နေတဲ့လူ အမြဲရှိ‌ေနတယ်လို့ အိမ်တော်ထိန်း ပြောဖူးတယ်။ ဆိုတော့ လူအများစောင့်ကြည့်နေတဲ့ကြား သူ အဆိပ်ဘယ်လိုခတ်လိုက်တာလဲ။ လက်သည်းနီဆိုးဆေးတဲ့၊ မိန်းမတွေရဲ့ လက်သည်းနီဆိုးဆေးက အဲ့လောက်တောင် ကြွေလွယ်ပဲ့လွယ်တယ်ဆိုတာ ကျွန်တော်တို့ယောက်ျားတွေ ဘယ်လို သိနိုင်မလဲ။လက်ဖျားနဲ့ ဖွဖွလေးပွတ်လိုက်ရုံနဲ့ ဟင်္သာပြဒါးက လက်နဲ့ ကပ်သွားပြီ။ လွမ်ရှောင်တယ်က ဒီအချက်ကို အခွင့်ကောင်းယူပြီး ဟင်းချက်ပေးတာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဖျော်တာပဲဖြစ်ဖြစ်၊ ဟင်းခပ်ပေးတာပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး စီးကရက်မီးညှိပေးတာ၊ ဘိန်းဖြည့်ပေးတာပဲဖြစ်ဖြစ်၊ ဒီလုပ်ရပ်တွေအားလုံးက အဆိပ်ထည့်ခတ်ဖို့ သုံးနိုင်တာချည်းပဲ။ ပြီးတော့ ဗျပ်စောင်းဂီတမယ်ပီပီ သူ့လက်ချောင်းတွေဆိုတ အသွက်လက်ဆုံးအရာ။ သူ နည်းနည်းပါးပါး လက်သွက်လိုက်ရုံနဲ့ ဘယ်သူကများ သတိထားမိတော့မှာလဲ"

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now