အပိုင်း - ၈၁

582 140 26
                                    

အပိုင်း - ၈၁

4th update for today.

Content warning- စိတ်မချမ်းမြေ့ဖွယ် အနိဋ္ဌာရုံ။ 🚫

ထိုအဖြစ်မှာ လျင်မြန်စွာပင် ဖြစ်ပွားသွားရာ ရွှေရောင်အလင်းတန်းတစ်ခု သူ့ရှေ့မှောက်၌ ဖြတ်သွားကြောင်းသာ ယွမ်စန်း မြင်လိုက်ရသည်။ ရွှီဟန်၏ လက်တစ်ချက် ဝှေ့ယမ်းသွားသည်နှင့် ယွမ်စန်း၏ ဘယ်ဘက်လက်ကောက်ဝတ် နာကျင်သွားကာ ထို့နောက်မှာတော့ သွေးများ ပန်းထွက်ပြီး သူ့မျက်နှာထိ လာစင်၏။ ထို့အတူ အရိုးကျိုးအက်တော့မတတ် နာကျင်သော စူးရှပြင်းပြလှသည့် ဝေဒနာလည်း လှိုက်တက်လာ၏။

သူ့လက်၏ အရွတ် ဖြတ်တောက်ခံလိုက်ရပေပြီ။

ထိုနာကျင်မှုမှာ လက်ကောက်ဝတ်အား ပျော့ပြဲသွားအောင် ဖြတ်ချခံရသည်နှင့် တူကာ နာကျင်မှုလှိုင်း တဝုန်းဝုန်းနှင့်အတူ သွေးများ ဒလဟောပန်းထွက်လာသည်။ သွေးများစွာ ဆုံးရှုံးသွားသောကြောင့် လက်တစ်ချောင်းလုံး ထုံကျင်ကာ ဘာမှ မသိရှိ မခံစားနိုင်‌ေတာ့ပါ။

“အင့်!!!”

ယွမ်စန်းမှာ အိပ်ရာပေါ်၌ပင် နာကျင်မှုကြား လူးလှိမ့်လိုက်ချင်သည်။ သို့သော်ငြား ကြိုးဖြင့် အတုပ်ခံထားရသောကြောင့် ရေငတ်နေသော ငါးပမာသာ တအင့်အင့်သာ ညည်းညူနိုင်ပေ၏။

အပြင်ဘက်တွင်မူ မီးရှူးမီးပန်းဖောက်သံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာဆဲ။

ယွမ်စန်း အနားမရခင်မှာပင် ရွှီဟန်က သူ့ညာဘက်လက်ပေါ် ထိုးစိုက်လိုက်ကာ ထိုတစ်ဖက်ကိုလည်း ဒုက္ခိတဖြစ်သွားစေသည်။

"အင့်!!!"

ခံတွင်းထဲရှိ အပေါစားဂျုံကြမ်းများက သူ့လည်ချောင်းထဲ
တစ်ဆို့နေကာ ထွေးထုတ်ချင်၍ပင် မရပါ။ ယွမ်စန်းတစ်ကိုယ်လုံး နေရခက်ကာ မသက်မသာဖြစ်လှ၏။

ရွှီဟန် သူ့ကို မြန်မြန်သတ်ပစ်ပါစေဟုပင် ယွမ်စန်း ဆုတောင်းနေမိ၏။

ထိုသူ လွန်စွာမှ နာကျင်နေကြောင်း မြင်ရသောအခါ ရွှီဟန် ရပ်တန့်လိုက်သည်။

"ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်တဲ့...ဟဟ...ဟာသပဲ"

ထို့နောက် ရွှီဟန်က ပြတင်းပေါက်ဆီ လျှောက်လှမ်းသွားကာ အနည်းငယ် ဟကြည့်လ်ိုက်သည်။ အပြင်ဘက် ကောင်းကင်ပြင်ရှိ မီးရှူးမီးပန်းကို ကြည့်ကာ ထိုမီးရှူးမီးပန်းက မည်မျှထပ်ကြာမြင့်နိုင်ကြောင်း သိချင်‌ေန၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now