အပိုင်း - ၄၀

1.2K 218 16
                                    

အပိုင်း - ၄၀

ရာသီဥတု နွေးထွေးသထက် နွေးထွေးလာသည်။ မနက်စောစောတွင် ချန်ယီးက ထိုင်ခုံပုလေးပေါ် ထိုင်ရင်း ချုပ်
စရာရှိသည်များကို ချုပ်ကာ ရေရွတ်လာသည်။

"ဗိုလ်ချုပ်ထွက်သွားတာ ခုနစ်ရက်တောင် ရှိပြီပဲ..."

တိုက်ဆိုင်စွာဖြင့်ပင် ယနေ့က သွမ့်ယဲ့လင် ပြန်လာမည့်နေ့ဖြစ်ကာ ချီယွမ်ဥယျာဥ်မှသည် သွမ့်ကျန့်ကျိုးတို့အဖွဲ့ ထွက်သွားမည့်နေ့လည်း ဖြစ်သည်။

ဘူတာရုံသို့ သွားဖို့ ရွှီဟန်ထံတွင် စိတ်ကူးမရှိ။ သို့သော် သွမ့်ကျန့်ကျိုးက သူ့အား မရမက ဆွဲခေါ်သွားရာ မတတ်သာနိုင်တော့သည့်အဆုံး လိုက်သွားဖြစ်သည်။

ဘူတာရုံတွင် အခြားခရီးသည်များ ရှိမနေပါ။ ထိုရထားမှာ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများအတွက်သာ ဖြစ်ကာ သွမ့်ကျန့်ကျိုး၊ ရွှီဟန်နှင့် ချုန်လင်တို့မှလွဲလျှင် စင်္ကြံပေါ်တွင် စစ်သားအချို့သာ ရှိနေ၏။

ရှည်လျားသော ဝီစီသံအဆုံးတွင် အသံမြည်ဟီးနေသည့် ရထားကြီးက အရှိန်အဟုန်ပြင်းစွာ ဆိုက်ရောက်လာကာ ၎င်း၏ဘီးကြောင့် ထလာသော ဖုန်မှုန့်များကြား ရွှီဟန် မော့ကြည့်လိုက်သည်။ ထိုစဉ်တုန်းက သူသည်လည်း ရှူချန်မှသည် ဤနေရာသို့ ဖုန်တထောင်းထောင်းထနေသော အခြေအနေကြား ရောက်လာခဲ့ခြင်းဖြစ်မည်ဟု တွေးနေမိ၏။

တူညီသော ခရီးလမ်း။ သို့သော်လည်း မတူညီသော ခံစားချက်။

ရထားတွဲအလွတ်များစွာကြား သွမ့်ယဲ့လင်စီးနင်းလိုက်ပါလာသည်မှာ အလယ်တွဲဖြစ်ကာ ရထားကြီးမှာ ရပ်နားခြင်းမရှိဘဲ ကြာမြင့်စွာ ဆက်လက်မောင်းနေသည်။

ရွှီဟန်လည်း ထိုနေရာတွင်သာ ရပ်ကာ ရထားအား စိုက်ကြည့်နေ၏။ သူ သတိပေါ့လျော့လွန်းသောကြောင့်ထင် ၊ သူ့အနောက်ဘက်သို့ လက်တစ်စုံ ချဉ်းကပ်လာမှန်း သတိပင် မထားမ်ိပါ။

ရုတ်တရက်ဆိုသလို အနောက်ဘက်မှ အားပြင်းစွာ တွန်းတိုက်လာမှုကြောင့် ရွှီဟန်တစ်ယောက် ရှေ့သို့ ဟပ်ထိုးလဲသွားကာ ဂျုံးဂျုံးဂျက်ဂျက် ပြေးနေသော ရထားနှင့် ဆောင့်မိတော့မလို ဖြစ်သွား၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now