အပိုင်း - ၇၃

804 157 13
                                    

အပိုင်း - ၇၃

Double update.

အဲ့လိုကိုး...

ထို့ကြောင့် သူ နေ့ကောင်းရက်မြတ်ဟု ပြောနေခြင်းပင်။

ရွှီဟန်တစ်‌ေယာက် မိဘများနှင့် မတွေ့ရသည်မှာ ဆယ်နှစ်ကျော် ကြာခဲ့ပြီ။ တွေ့ဖို့ အချိန်မပေးနိုင်ခြင်း မဟုတ်ဘဲ သေကွဲကွဲခဲ့ခြင်း‌ေကြာင့် မတွေ့နိုင်ကြတော့ခြင်း ဖြစ်၏။

ဤနှစ်များ၌ ရွှီဟန်မှာ ခံစားချက်များကိုရော အတိတ်နေ့ရက်အ‌ေကြာင်းကိုပါ ထုတ်ဖော်ပြသ‌ေလ့ မရှိပါ။ ယနေ့မှာမှ ရုတ်ချည်းဆိုသလို ထိုကိစ္စများအား ပြောပြလာရာ သူ့အတွက် သွမ့်ယဲ့လင် လွန်စွာ စိတ်မကောင်းဖြစ်ရသည်။

တည်ငြိမ်အေးစက်ကာ အရာရာတိုင်းကို လျစ်လျူရှုနိုင်သော ရွှီဟန်လို လူစားက ဝမ်းနည်းမှုများအား အရက်ထဲ နှစ်ပစ်‌ေနသည်မှာ ရင်ထဲက ဝေဒနာ မည်မျှထိ နက်ရှိုင်းကြောင်း ပြသနေ၏။

သူ ရွှီဟန်ကို အခန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။ပြတင်းပေါက်ငယ်အား အတိုင်းသား ဖွင့်ထားရာ သွမ့်ယဲ့လင်က လူကို ပြတင်းပေါက်ဘောင်ထက် တင်ပြီး နဖူးချင်း တေ့ဆိုင်ထားလိုက်သည်။ အတန်ကြာငေးကြည့်နေခဲ့ပြီးနောက် နမ်းလိုက်၏။

မိုးရေစိုနေသော ခန္ဓာကိုယ်လေးက အင်မတန်ကိုမှ အရသာရှိနေသည်။ ထို့ကြောင့် သွမ့်ယဲ့လင် မအောင့်နိုင်တော့ဘဲ လျှာထုတ်ကာ လျက်ဖြစ်၏။ ထိုနှုတ်ခမ်းလွှာများလည်း အကြိမ်ကြိမ် ကိုက်ခဲလာ၏။ ပြတင်းပေါက်ဘောင်ပေါ် ထိုင်နေသော ရွှီဟန်မှာ သွမ့်ယဲ့လင်ထက် အနည်းငယ်မြင့်သွားရာ သွမ့်ယဲ့လင် မေးအနည်းငယ်မော့လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရွှီဟန်၏ နောက်စေ့ကို ကိုင်ကာ သူ့ဆီ ငုံ့ဆင်းလာစေသည်။

လျှာဖျားရှိ မက်မွန်ပွင့်ဖြူသေရည်မှာ လွန်စွာမှပင် ချိုမြိန်သည်။ အရက်ပြင်းပြင်းသောက်တတ်သော သွမ့်ယဲ့လင်အဖို့ ထိုမက်မွန်ဖြူသေရည်မှာ အတော်ပေါ့ကာ အတော်ချို၏။ ယခုတွင်မူ အနေတော်ပင် ချိုမြိန်‌ေနလှသည်။

ရွှီဟန် အနည်းငယ် မောဟိုက်လာကာ အနောက်ဘက်သို့ အနည်းငယ် ယိုင်သွား၏။ သွမ့်ယဲ့လင်၏လက်က ရွှီဟန်၏ ကျောပြင်အား ထိန်းပေးထားလို့။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now