အပိုင်း - ၇၆
ထိုအဖြစ်ကို စစ်တပ်ဗျူရိုမှူးဘက်မှ မည်မျှပင် ဖုံးဖိထားပါစေ၊ ဟယ့်ကျိုးမြို့ထဲ ထိုကောလာဟလ ပျံ့နှံ့သွားကာ ပို၍ဆိုးရွားစွာ ချဲ့ကားသွားေသးသည်။
စစ်ဘီလူးများကို အထူးပစ်မှတ်ထားပြီး သတ်ဖြတ်ေနသည့် သူရဲကောင်းကြီး ပေါ်ေပါက်လာပြီဟု ဟယ့်ကျိုးမြို့အနှံ့ ပြောနေကြကာ ထိုသူရဲကောင်း၏ အမှတ်တံဆိပ်က ရွှေဆံထိုး ဖြစ်သည်ဟု ဆို၏။ ထိုရွှေဆံထိုး ပေါ်လာသည်နှင့် နှလူံအိမ်ထဲမှသွေး မြေေပါ်ကျမည်။ လောင်ယန်၏ သေဆုံးခြင်းက တုန်လှုပ်မှုကြီးတစ်ခု ဖြစ်ပွားစေခဲ့၏။
စံအိမ်ထဲ၌ ယွမ်စန်း မည်မျှပင် ပေါက်ကွဲနေပါစေ ၊ သူ့အိမ်အား အစောင့်များ ထူထပ်စွာချထားခြင်းကပင် ဤကောလဟာလ မှန်ကန်ကြောင်း အတည်ပြုရာ ကျသွားသည်။
သို့သော် ကောလာဟလမည်သည် လျင်မြန်စွာပင် ပေါ်ပေါက်လာကာ လျင်မြန်စွာပင် ပျောက်ကွယ်သွား၏။
ဟယ့်မင်ဆေးခန်းတွင် ရွှီဟန်က တောင်ပေါ်မှ လတ်လတ်ဆတ်ဆတ် သွားခူးလာသော ဆေးပင်များကို အမျိုးအစားခွဲကာ အမှုန့်ဖြစ်အောင် ကြိတ်ချေနေသည်။ ကောင်တာရှေ့ ထိုင်နေသော ယွမ်ယယ်က အဘွား၏ လေးဖက်နာအတွက် အဆစ်အမြစ်ကိုက်ဆေး လာယူချင်သည်ဟု ဆိုကာ ယခုတော့ စိတ်နှင့်ကိုယ်နှင့် ကပ်မနေပါ။
ထိုသူမှာ ရွှီဟန်အား ဆေးကြိတ်ဖို့ ကူေပးနေကာ မျက်လုံးကမူ ဗလာကျင်းနေလျက် သူ့လက်ကို ဆေးများ ပေကျံသွားကြောင်း သတိမမူမိခဲ့ပါ။
ရွှီဟန်က သူ့အား လက်သုတ်ပဝါတစ်ခု လှမ်းပေးလာ၏။
"ငါ ပြောဦးမယ်၊ သတို့သားလောင်းကြီး။ မကြာခင်ကျ တစ်အိုးတစ်အိမ် တည်ရတော့မှာကို၊ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ အာရုံလွှင့်နေစရာလား"
ရွှီဟန်၏ စကားကြောင့် ယွမ်ယယ် သတိပြန်ဝင်လာသည်။ အောက်သို့ ငုံ့ကြည့်သောအခါ သူ့အင်္ကျီလက်ထက် ရွှေမှုန့်များ ပေနေကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် လက်ကိုင်ပုဝါ အမြန်ယူလိုက်ကာ ေတာင်းပန်စကား ဆိုလာသည်။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomantizmTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)